MNP ၊ ဩဂုတ် ၅
ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုအပတ်စဉ်စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်၈နာရီခွဲက အနောက်စုရပ်ကွက်နှင့်ကွက်သစ်ရပ်ကွက်တို့တွင်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနကဦးဆောင်ပြီး ကျန်းမာရေးဝန်ထမ်းများ၊အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များကသွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အနောက်စုရပ်ကွက်နှင့်ကွက်သစ်ရပ်ကွက်ရှိ နေအိမ်များတွင် ထားရှိသည့် ရေစည်ပိုင်း၊ ရေတိုင်ကီ၊ စဥ့်အိုးများနှင့် ခြင်ခိုအောင်းနိုင်သော ရေတွင်းရေကန်များတွင် ပိုးလောက်လန်းများမပေါက်ပွားစေရန် အဘိတ်ဆေး များခတ်ပေးခြင်း၊ နေအိမ်များရှိ ဘုရားပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ် များပြုလုပ်ပေးခြင်းနှင့် ရေတွင်း ရေကန်များအား စစ်ဆေးခြင်းများကို ဆောင်ရွက်ပြီး သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
ဦးသိန်းဖေ
https://t.me/MyanmarNationalPost




No comments:
Post a Comment