ဖျာပုံမြို့၌ ဘုရား၊စေတီ၊ပုထိုး၊ မြို့ဝင်၊မြို့ထွက်နှင့် သောက်ရေကန်များတွင် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဖျာပုံမြို့၌ ဘုရား၊စေတီ၊ပုထိုး၊ မြို့ဝင်၊မြို့ထွက်နှင့် သောက်ရေကန်များတွင် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်




MNP ၊  ဩဂုတ်  ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံ​မြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ စုပေါင်း၍ အမှတ် (၁၉)ရပ်ကွက်၊ ဖျာပုံ-အမာကားလမ်းမကြီးဘေးနှင့် ဆုတောင်းပြည့် ဓနသိဒ္ဓိဘုန်းတော်ပွင့်စေတီတော်ကြီး ဘုရားဝန်းတွင် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက် (၇)နာရီအချိန်တွင် အဆိုပါ ရပ်ကွက်အတွင်း ပြုလုပ်ဆောင်ရွက်ကြသည်။


ထိုသို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် ဖျာပုံခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းဦးနှင့် ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများသည် ဖျာပုံမြို့အမှတ် (၁၉)ရပ်ကွက်၊ ဖျာပုံအမာကားလမ်းမကြီးဘေးနှင့် ဆုတောင်းပြည့်ဓနသိဒ္ဓိဘုန်းတော်ပွင့်စေတီတော်ကြီး ဘုရားဝန်းအတွင်းရှိ ခြုံနွယ်များ၊ အမှိုက်များ ရှင်းလင်း​ခြင်း ၊လမ်းဘေး၊ ဝဲ၊ ယာတို့ရှိ အမှိုက်များ ရှင်းလင်းခြင်းတို့ ဆောင်ရွက်ကြသည်။ ဖျာပုံခရိုင်/ မြို့နယ်ဌာနဆိုင်ရာများအနေဖြင့် မြို့နယ် အတွင်းရှိ ဘုရား​၊ကျောင်း၊ကန်များနှင့် စာသင်ကျောင်းများတွင်လည်း စနေနေ့တိုင်း စုပေါင်း သန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး မှ သိရသည်။


အောင်ဝင်းနိုင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)