MNP ၊ ဩဂုတ် ၅
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ပိုင်းက အုတ်တွင်းမြို့နယ် အ.ထ.က ကျွဲပွဲ၌ ကျင်းပသည်။
ဦးစွာ လူငယ်စကားဝိုင်းကို အ.ထ.က ကျွဲပွဲကျောင်းအုပ်ဆရာမကြီး ဒေါ်ယုယုကြည်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား ကျောင်းသူလူငယ်များ အသိပညာဗဟုသုတများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ စကားပြောအတတ်ပညာများ ကျွမ်းကျင်စေရန်၊ လူငယ်များ အချင်းချင်း ရင်းနှီးခင်မင်စွာ ပူးပေါင်းဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်း ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက ဦးဆောင်ဆွေးနွေးပြီး ကျောင်းသား/ကျောင်းသူကိုးဦးက လူငယ်နှင့်စာရိတ္တ ၊လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်အလေ့အကျင့်၊ လူငယ်နှင့်အဆုံးအမ၊ လူငယ်နှင့်ပညာရေး၊လူငယ်နှင့် ကျန်းမာရေး၊လူငယ်နှင့် နည်းပညာခေါင်းစဉ်များဖြင့် ဆွေးနွေးကြသည်။
ထို့နောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများကလည်း စကားဝိုင်း၏ ခေါင်းစဥ်အလိုက် သိရှိလိုသည့် အချက်များကို မေးမြန်းဆွေးနွေးခြင်း၊ ပြန်လည်ဖြေကြားခြင်းများ ပြုလုပ်ခဲ့ပြီး ပါဝင်ဆွေးနွေးသော ကျောင်းသားကျောင်းသူကိုးဦးအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အေမင်းရည်စော
https://t.me/MyanmarNationalPost



No comments:
Post a Comment