MNP ၊ ဩဂုတ် ၅
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့ နယ်ဆည်ရေသောက်စနစ်အတွင်း ဆည်ရေစီမံခန့်ခွဲမှုစနစ် တိုးတက်ကောင်းမွန်စေရေး ပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ဟင်းငုတ်ပင် ဆည်မြောင်းဦးစီးဌာနရုံးဝင်း ဧည့်ရိပ်သာ၌ ကျင်းပသည်။
အခမ်းအနားတွင် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန(ရုံးချုပ်) လုပ်ငန်းစစ်ဆေးရေးဌာနခွဲ ရေစီမံခန့်ခွဲမှု ဌာနစိတ်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစဝ်ခွန်ဦးက ခပေါင်းဆည်ရေသောက်စနစ်၊ မင်းရဲဆည်ရေသောက်စနစ်၊ ရေသိုးဆည်ရေသောက်စနစ်၊ ကမ်းနီဆည်ရေသောက်စနစ်၊ ဆွာဆည်ရေသောက်စနစ်၊ ချောင်းမကြီး(မြို့လှ)ဆည်ရေသောက်စနစ်တို့မှ ရေအသုံးချသူများအဖွဲ့ (WUG) အဖွဲ့ဝင်များအား ဆည်ရေစီမံခန့်ခွဲမှု တိုးတက်ကောင်းမွန်စေရေး၊ ဆည်မြောင်းဥပဒေနှင့်နည်းဥပဒေများ လိုက်နာစေရေးနှင့် ဆည်ရေသောက်စနစ်အတွင်း ပြုပြင်ထိန်းသိမ်းရေးလမ်းညွှန်ချက်များကို ပညာပေး ဟောပြောဆွေးနွေးသည်။
ထိုဆွေးနွေးပွဲသို့ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရုံးချုပ်) လုပ်ငန်း စစ်ဆေးရေးဌာနခွဲ ရေစီမံခန့်ခွဲမှုဌာနစိတ်မှ တာဝန်ရှိသူများ၊ မြို့နယ်ဆည်မြောင်းဦးစီးဌာနနှင့် ရေအသုံးချသူများအဖွဲ့ (WUG) အဖွဲ့ဝင် (၄၀)ဦး တက်ရောက်ဆွေးနွေးခဲ့ကြောင်း မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ သိရသည်။
အေမင်းရည်စော
https://t.me/MyanmarNationalPost


No comments:
Post a Comment