MNP ၊ ဩဂုတ် ၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် အမှတ်(၂၄)အခြေခံပညာ မူလတန်းကျောင်းတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်(Abate) ဆေးခတ်ခြင်းလုပ်ငန်းကို ယနေ့နံနက်(၈)နာရီအချိန်က မြို့နယ်စည်ပင်သာယာနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
မိုးရွာသွန်းပြီး ခြင်ပေါက်ပွားမှု များပြားလာခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူများ ဆရာ၊ ဆရာမများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ငှက်ဖျားရောဂါ ကင်းဝေးစေရန်အတွက် ဖုံး၊သွန်၊လဲ၊စစ်လုပ်ငန်း၊ အဘိတ်(Abate) ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်စည်ပင်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး ကျန်ရှိသော စာသင်ကျောင်းများသို့ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရသည်။
မြင့်ဇော်
https://t.me/MyanmarNationalPost


No comments:
Post a Comment