MNP ၊ ဩဂုတ် ၅
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် သဘာဝဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေ ၃နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်၊၊
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်အောင်နှင့် အဖွဲ့ဝင်များ၊ တောင်ပိုင်းခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကံထူးမှ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ထုံကြီးကျေးရွာအုပ်စုအတွင်းရှိ သဘာဝဘေးသင့် အိမ်ထောင်စု(၁၁)စု၊ လူဦးရေ(၄၀)ဦးတို့အား ပစ္စည်း (၁၇)မျိုးပါ (၅)ဗုံး၊ ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းတွက် (၈၆၄၀၀၀)ကျပ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးဉာဏ်ထွန်းက ထောက်ပံ့ပေးအပ်ရာတွင် သဘာဝဘေးသင့် အိမ်ထောင်စု(၁၅)စုအတွက် Family Kit(၁၅) ဗုံး၊Dignity Kit(၆)ခု၊ Hygiene Parcel (၁၅)ဖာနှင့် Shelter Tool Kit(၆)ခုတို့အား ထောက်ပံ့ပေး အပ်ခဲ့ပါကြောင်း သိရသည်။.
စည်သူလင်း
https://t.me/MyanmarNationalPost


No comments:
Post a Comment