ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများအကြောင်း အသိပညာပေး ဟောပြောပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများအကြောင်း အသိပညာပေး ဟောပြောပွဲ ကျင်းပ



MNP ၊  ဩဂုတ်  ၅

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်း ယာဥ်အန္တရာယ်ကင်းဝေးစေရေး ရည်ရွယ်၍ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၁၀)က အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ ဟောပြောပွဲတွင် အမှတ်(၂၇)ယာဥ်ထိန်းရဲတပ်ဖွဲ့စု၊ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး မျိုးသန့်က ကျောင်းသား/သူများအား အပြည်ပြည်ဆိုင်ရာ ယာဥ်ထိန်းသိမ်းခြင်းနည်းစနစ်(၅)မျိုး၊ ယာဥ်တိုက်မှု အမျိုးအစားများ၊ လမ်းလျှောက်သူများ လိုက်နာရန် စည်းကမ်းများ၊ လမ်းဖြတ်ကူးရာတွင် လိုက်နာရန် စည်းကမ်းချက်များ၊ ခြေလျင်လျှောက်သူများ လိုက်နာရန် စည်းကမ်းချက်များ၊ ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် သတိပြုလိုက်နာရမည့် အချက်များကို အသိပညာပေး ဟောပြောခဲ့ပြီး ယာဥ်စည်းကမ်းလိုက်နာရေး အသိပညာပေး မှတ်တမ်းဓာတ်ပုံများ၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ကာတွန်းပုံများကို ပြသပေးခဲ့သည်။


ထို့နောက် ကျောင်းသား/သူများအား ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး ဟောပြောပွဲသို့ ဆရာ၊ဆရာမများ ကျောင်းသား/သူများ၊ စုစုပေါင်းအင်အား (၁၅၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။


အေးမဥ္ဇူ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)