MNP ၊ ဩဂုတ် ၅
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ မိဘဆရာအသင်း အမှုဆောင်အဖွဲ့များ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များနှင့် ကျောင်းသားမိဘများမှ စုပေါင်း၍ အဆိုပါကျောင်းရှိ ခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲက ဝါဆိုသင်္ကန်းနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဝါဆိုသင်္ကန်း ဆက်ကပ်လှူပွဲ အခမ်းအနားသို့ ပလောက်မြို့ ဘုရားကြီးကျောင်းတိုက်ဆရာတော်နှင့် ပင့်သံဃာတော်(၃)ပါး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်လွင်လွင်စီနှင့် ဆရာ/ဆရာမများ၊ မိဘဆရာအသင်းနှင့် ကျောင်းအကျိုး တော်ဆောင်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ ဖိတ်ကြားထားသော ဧည့်သည်တော် များ တက်ရောက်ကြသည်။
ထို့နောက် တက်ရောက်လာကြသူများက နမောတဿ သုံးကြိမ်ရွတ်ဆိုပြီး ပလောက်မြို့၊ ဘုရားကြီးကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်ပြီး ပလောက်မြို့၊ ဘုရားကြီးကျောင်းတိုက် ဆရာတော်ထံမှ ရေစက်ချ အနုမောဒနတရား နာယူကြည်ညိုကြကာ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
နှင်းမြူလွင်
https://t.me/MyanmarNationalPost


No comments:
Post a Comment