MNP ၊ ဩဂုတ် ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့၌ လူကုန်ကူးခံရသူတိုင်းကို ဖော်ထုတ်သတ်မှတ်ပြီး ကာကွယ်စောင့်ရှောက်မှုရရှိဖို့ ဆောင်ရွက်ကြပါစို့ မြေစိုက်ဘုတ်ကို လားရှိုး−မူဆယ် လမ်းမကြီးဘေး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ယနေ့နံနက်ပိုင်းအချိန်က စိုက်ထူခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးနိုင်တင်အေး၊ လူကုန်ကူးမှု ကာကွယ်တားဆီးရေးရဲတပ်ဖွဲ့မှ ရဲအုပ် ဇာနည်မျိုးနှင့် ဌာနဆိုင်ရာအကြီးအကဲများ ပူးပေါင်းပါဝင်ပြီး လူကုန်ကူးမှုအန္တရာယ်များကို ပြည်သူများ ကြိုတင်ကာကွယ် သိရှိနားလည်နိုင်စေရန်၊ လူကုန်ကူးခံရသူတိုင်းကို ဖော်ထုတ်သတ်မှတ်ပြီး ကာကွယ်စောင့်ရှောက်မှုရရှိစေရန်၊ လူကုန်ကူးမှုကိစ္စရပ်များ သံသယရှိပါက အနီးဆုံးရဲစခန်းသို့ ဆက်သွယ်အကြောင်းကြားနိုင်သော ဖုန်းနံပါတ်များနှင့် စက်တင်ဘာလ (၁၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မြေစိုက်ဘုတ်အား စိုက်ထူခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment