MNP ၊ ဩဂုတ် ၂၉
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးမြို့နယ်အဆင့်ပြိုင်ပွဲကို ယနေ့ နံနက် (၁၀)နာရီက ( အထက )ပေါင် ရွှေရတု ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမင်းညွန့်တင် ကအခြေခံပညာကျောင်းများအားလုံး၊တီဂအနုပညာ ဘာသာရပ်သင်ကြားပြသလျက်ရှိပြီး ယခုပညာသင်နှစ်တွင် မြန်မာ့ရိုးရာ အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လာသူတွေ မြင်ရသည့်အတွက် အခြေခံပညာ ဆရာ၊ဆရာမ တွေ တာဝန်ကျေပွန်မှုကြောင့် မြန်မာ့ရိုးရာယဉ်ကျေးမှုကိုထိန်းသိမ်းရာရောက်ကြောင်း အမှာစကားပြောကြားသည်။
ပြိုင်ပွဲတွင် ပေါင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဝါသနာရှင် ကျောင်းသားကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မြို့နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဝင်များ၊လုပ်ငန်း ကော်မတီဝင်များ ၊ကျောင်းအုပ် ဆရာကြီး၊ဆရာမကြီးများ၊ဆရာ၊ဆရာမများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါပြိုင်ပွဲများတွင် ကျောင်းသားကျောင်းသူ စုစုပေါင်း ( ၁၈ ) ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဘာသာရပ်အလိုက် ကျွမ်းကျင်ပညာရှင်များက ပြည်နယ်အဆင့်ပြိုင်ပွဲများသို့ တက်ရောက်ယှဉ်ပြိုင်နိုင်မည့်သူများကို စိစစ်ရွေးချယ်အကဲဖြတ်ပေးခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment