စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အကျဉ်းထောင် ၅ ခုနှင့် စိုက်/မွေးစခန်း ၃ ခုမှ အကျဉ်းသား/သူ ၁၇၂ ဦး လွတ်ငြိမ်းချမ်းသာခွင့်ရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အကျဉ်းထောင် ၅ ခုနှင့် စိုက်/မွေးစခန်း ၃ ခုမှ အကျဉ်းသား/သူ ၁၇၂ ဦး လွတ်ငြိမ်းချမ်းသာခွင့်ရ



MNP ၊ သြဂုတ် ၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌသည် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည်နေ့တွင် ကျရောက်သည့် ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အားဖြစ်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အကျဉ်းထောင် ၅ ခုနှင့် စိုက်/မွေးစခန်း ၃ ခုမှ အကျဉ်းသား/သူ ၁၇၂ ဦး လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့ကြောင်း သိရသည်။


အကျဉ်းဦးစီးဌာန၊ စစ်ကိုင်းဒေသကြီးဦးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိ ကလေးအကျဉ်းထောင်မှ အကျဉ်းသား/သူ ၃၃ ဦး၊  ကသာအကျဉ်းထောင်မှ အကျဉ်းသား/သူ ၁၇ ဦး၊ ရွှေဘိုအကျဉ်းထောင်မှ အကျဉ်းသား/သူ  ၇၃ ဦး၊ မုံရွာအကျဉ်းထောင်မှ အကျဉ်းသား/ သူ ၃၁ ဦး၊ ခန္တီးအကျဉ်းထောင်မှ အကျဉ်းသား/သူ ၁၄ ဦး၊ သနန်စခန်းမှ အကျဉ်းသား ၁ ဦး၊ အုတ်ဖိုကန်ဘောင်စခန်းမှ အကျဉ်းသား ၂ ဦး၊ ရာဇဂြိုလ်(၁)စခန်းမှ အကျဉ်းသား ၁ ဦး၊ စုစုပေါင်း အကျဉ်းသား/သူ ၁၇၂ ဦးအား ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရသည်။


နိုင်ငံတော်က လွတ်ငြိမ်းချမ်းသာခွင့်ပြုရာတွင် ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားအဖြစ် လှုပ်ရှားခဲ့သူများ၊ အကြမ်းဖက်လှုံ့ဆော်သူများကိုလည်း ကျောသားရင်သား ခွဲခြားခြင်း မပြုဘဲ လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့သည့်အပေါ် ပြည်သူတစ်ဦးက "အစိုးရက လူသားချင်းစာနာထောက်ထားပြီး လွှတ်ပေးတယ်။ သူတို့က ပြည်ပြေး ဝရမ်းပြေးတွေ မြှောက်ပေးတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို လုပ်တယ်။ ဖမ်းလိုက် လွှတ်လိုက် သံရာလည်ပြီး အစိုးရအပေါ် ဝေဖန်စရာတွေ ဖြစ်လာတယ်။ လွတ်ငြိမ်းချမ်းသာခွင့်ရသူတွေအနေနဲ့ ကိုယ့်လုပ်ရပ်ကို ပြန်ပြီး သုံးသပ်သင့်တယ်။ နောက်ပြီး မိသားစုအသိုင်းအဝိုင်းကလည်း တတ်နိုင်သလောက်တော့ ဖျောင်းဖြပြောဆိုသင့်တယ်။ ဒီမိုကရေစီကို လိုလားတယ်ဆိုရင် ကိုယ်ကြိုက်ရာ ကိုယ်အားပေးလို့ရတယ်။ ကိုယ့်ကြောင့်လည်း သူတပါးကို မထိခိုက်စေနဲ့။ ငါနဲ့မတူ ငါ့ရန်သူလို သဘောထားပြီး လုပ်ကြံသတ်ဖြတ်တာတွေအထိ လုပ်ခဲ့တာတွေကတော့ ဘယ်လိုမှ လက်ခံလို့မရပါဘူး။ ဆင်ခြင်သတိပြုကြဖို့ ကောင်းပါပြီ" ဟု သုံးသပ်ပြောဆိုသည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ထုတ်ပြန်ချက်တွင် အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူ ၇၇၄၉ ဦးအား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ်ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်များဖြင့် ၎င်းတိုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာ ခွင့်ပြုခဲ့ခြင်းဖြစ်သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)