မွန်ပြည်နယ်ဦးစီးမှူး ရုံးကွပ်ကဲမှုအောက်ရှိ အကျဉ်းထောင်/ အချုပ်ထောင်/ စခန်းအသီးသီးမှ အကျဉ်းသား/သူ (၅ဝဝ)ဦးလွတ်မြောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဦးစီးမှူး ရုံးကွပ်ကဲမှုအောက်ရှိ အကျဉ်းထောင်/ အချုပ်ထောင်/ စခန်းအသီးသီးမှ အကျဉ်းသား/သူ (၅ဝဝ)ဦးလွတ်မြောက်



MNP ၊ သြဂုတ်  ၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့တွင် ကျရောက်သည့် ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အားဖြင့် လည်ကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထား မှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ အကျဉ်းထောင်/ အချုပ်ထောင်/ စခန်းအသီးသီး တွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား / သူ (၇၇၄၉) ဦးတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်”ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုခဲ့ရာ အကျဉ်းဦးစီးဌာန၊ မွန်ပြည်နယ် ဦးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ  အကျဉ်းထောင်/ အချုပ်ထောင်/စခန်းအသီးသီးမှ အကျဉ်းသား(၄၁၀)ဦး၊ အကျဉ်းသူ(၉၀)ဦး စုစုပေါင်း (၅၀၀)ဦး လွတ်မြောက်ခဲ့ပါသည်။


 ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုသည့် အကျဉ်းသား/သူ(၅ဝဝ)ဦးကို ဆုံးမစကားပြောကြားပြီး လွတ်လူ အကျဉ်းသား/သူများ၏ ထောင်လွတ်လက်မှတ်များထုတ်ပေးခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်နှင့် အသိပညာပေး လက်ကမ်းစာစောင်များပေးဝေးခြင်းနှင့် စားစရိတ် ၃၈၉၀၀၀/- ခရီးစရိတ် ၁၃၃၄၂၀၉/- လုပ်အားရှင်ခံစားခွင့် ၅၄၂၈၂၀၀/- စုစုပေါင်း ၇၁၅၁၄၀၉/- (ကျပ်ခုနစ်ဆယ့်တစ်သိန်းငါးသောင်း တစ်ထောင်လေးရာကိုးတိတိ)အား ထုတ်ပေး၍ လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)