MNP ၊ ဩဂုတ် ၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကိုအခြေခံ၍ အဓိကစီးပွားရေးအဖြစ်အသက်မွေးဝမ်းကျောင်း ပြုကြပြီး ဒေသနှင့် ကိုက်ညီသည့် သီးနှံများကို ရာသီအလိုက် စိုက်ပျိုးရောင်းချကြရာ ယခု ခရမ်းသီးများ စတင်ခူးဆွတ်ရောင်းချချိန်၌ ဈေးကောင်းရရှိနေ၍ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ခရမ်းသီးကို စိုက်ပျိုးရာတွင် ရာသီမရွေး စိုက်ပျိုးနိုင်ကြောင်း၊ ခရမ်းသီးပင်များကို တစ်ကျင်းလျှင် တစ်ပင်သာစိုက်ပျိုးရပြီး မြေ (၁) ဧကလျှင် အပင်ရေ (၈၀၀)မှ (၁၀၀၀)အထိ စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးပြီးကာလ နှစ်လကျော်ပါက စတင်ခူးဆွတ် ရောင်းချနိုင်ကြောင်း၊ တစ်ကြိမ်ခူးဆွတ်လျှင် ၁၂ ပိဿာမှ ၁၅ ပိဿာအထိ ပုံမှန်ခူးဆွတ်ရပြီး ၂ ရက်၊ ၃ ရက်ခန့်ကြာလျှင် နောက်တစ်ကြိမ် ပြန်လည်ခူးဆွတ်နိုင်ကြောင်း၊ ခရမ်းသီးပင်သည် ရာသီမရွေး စိုက်ပျိုးနိုင်ပြီး နေ့စဉ် ခူးဆွတ်ရောင်းချရသော သီးနှံပင်ဖြစ်၍ စီးပွားရေးအရ စိုက်ပျိုးသင့်သော သီးနှံပင်ဖြစ်ကြောင်းနှင့် ယခုဩဂုတ်လတွင် ထွက်ရှိသော ခရမ်းသီးများသည် တစ်ပိဿာလျှင် (၁၅၀၀)ကျပ်မှ (၁၈၀၀)ကျပ်အထိ ဈေးကောင်း ရရှိနေ၍ ခရမ်းသီး စိုက်ပျိုးရောင်းချသည့် တောင်သူများ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ရဲထက်ဦး
https://t.me/MyanmarNationalPost



No comments:
Post a Comment