(၂၀၂၃-၂၀၂၄)ပညာသင်နှစ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို အ-ထ-က(ရွှေသောင်ယံ) ၌ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

(၂၀၂၃-၂၀၂၄)ပညာသင်နှစ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို အ-ထ-က(ရွှေသောင်ယံ) ၌ ကျင်းပ


MNP ၊  ဩဂုတ်  ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊အ-ထ-က(ရွှေသောင်ယံ)တွင် ယမန်နေ့နံနက် (၉)နာရီ အချိန်က (၂၀၂၃-၂၀၂၄)ပညာသင်နှစ်ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း ပွဲကို ကျင်းပပြု လုပ်ခဲ့ကြသည်။


ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းရာတွင် ဆရာတော်(၃)ပါးပင့်ဆောင်၍ ငါးပါးသီလခံယူခြင်း၊ ပရိတ်တရားတော်များနာကြားခြင်း၊ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းရခြင်းကြောင့်ရရှိလာ သောအကျိုးကျေးဇူးများကို ဆရာတော်များ ထံမှနာကြားခြင်းဖြင့် ဝါဆိုသင်္ကန်း ဆက်ကပ်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ ကြသည်။


ထို့နောက် ဆရာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းပြီး တက်ရောက်လာကြသော ဧည့်ပရိတ်သတ်များအား မုန့်ဟင်းခါးဖြင့်ဧည့်ခံကျွေးမွေးခဲ့ကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)