ကော့သောင်းမြို့တွင် ကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကော့သောင်းမြို့တွင် ကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားပြုလုပ်



MNP ၊  ဩဂုတ်  ၉

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား၊အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို  ကော့သောင်းမြို့၊ ပိတောက်‎ရွှေဝါရပ်ကွက်၊ နဝရတ်အားကစားခန်းမတွင် ဩဂုတ်လ(၇)ရက်နေ့ မွန်းလွှဲပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ လာရောက်အားပေးခဲ့သည်။


အဆိုပါ အမျိုးသား၊အမျိုးသမီးဘော်လီဘောလုံးအားကစားပြိုင်ပွဲကို ဩဂုတ်လ(၃)ရက်နေ့မှ စတင်ကျင်းပခဲ့ရာ  အခြေခံပညာကျောင်းများမှ အမျိုးသား(၈)သင်းနှင့် အမျိုးသမီး(၆)သင်းတို့က အသင်းလိုက်အုပ်စုပွဲစဉ်များကို အသီးသီးယှဉ်ပြိုင်ကစားခဲ့ကြပြီး  အမျိုးသားပွဲစဉ်တွင် အ.ထ.က(၃)အသင်းနှင့် အ.ထ.က(ခွဲ) အ.လ.က(၄) အသင်းတို့ကလည်းကောင်း၊ အမျိုးသမီးပွဲစဉ်တွင် အ.ထ.က(၂)အသင်းနှင့် အ.ထ.က(ခွဲ)၊ အ.လ.က(၄)အသင်းတို့က ဗိုလ်လုပွဲသို့တက်ရောက်ခဲ့ကြသည်။


အဆိုပါဗိုလ်လုပွဲပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲဝင် အသင်းများက အကြိတ်အနယ် ယှဉ်ပြိုင်နေမှုများအား ပရိသတ်တို့မှ တခဲနက်အားပေးခဲ့ကြပြီး အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် အ.ထ.က(၂)ကျောင်းအသင်းမှလည်းကောင်း၊ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် အ.ထ.က(၃)ကျောင်းအသင်းမှလည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြောင်း သိရသည်။


ထို့နောက် ဆုပေးပွဲအခမ်းအနားအား ဆက်လက်ကျင်းပရာ ဌာနဆိုင်ရာမှတာဝန်ရှိသူများက အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် အကောင်းဆုံးဆယ်မဆု၊ ပင့်ထောင်ဆု၊ ခုတ်ရိုက်ဆုစသည့် တစ်ဦးချင်းဆုများချီးမြှင့်ခဲ့ပြီး ဒုတိယဆုရရှိသော အ.ထ.က(ခွဲ)အ.လ.က(၄)ကျောင်းအသင်းအား လည်ဆွဲဆုနှင့် ငွေသားဆုများ အသီးသီးချီးမြှင့်ခဲ့ပြီး ပထဆုရရှိသော အ.ထ.က(၂)ကျောင်းအသင်းအားလည်ဆွဲဆု၊ ငွေသားဆုနှင့်တံခွန်စိုက်ဆုဖလားချီးမြှင့်ခဲ့ကြသည်။


ယင်းနောက် အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် အကောင်းဆုံးဆယ်မဆု၊ ပင့်ထောင်ဆု၊ ခုတ်ရိုက်ဆုစသည့် တစ်ဦးချင်း ဆုများချီးမြှင့်ခဲ့ပြီး ဒုတိယဆုရရှိသော အ.ထ.က(ခွဲ)အ.လ.က (၄)ကျောင်းအသင်းအား လည်ဆွဲဆုနှင့်ငွေသားဆုများ အသီးသီးချီးမြှင့်ခဲ့ပြီး ပထဆုရရှိသော အ.ထ.က(၃)ကျောင်းအသင်းအားလည်ဆွဲဆု၊ ငွေသားဆုနှင့် တံခွန်စိုက် ဆုဖလားချီးမြှင့်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)