ဖြူးမြို့နယ်တွင် ဆီထွက်သီးနှံဖြစ်သည့် မိုးနှမ်းစိုက်ပျိုးမှုမှာ မိုးရွာသွန်းမှုများခြင်းကြောင့် အထွက်နှုန်းနည်းနိုင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖြူးမြို့နယ်တွင် ဆီထွက်သီးနှံဖြစ်သည့် မိုးနှမ်းစိုက်ပျိုးမှုမှာ မိုးရွာသွန်းမှုများခြင်းကြောင့် အထွက်နှုန်းနည်းနိုင်


MNP ၊  ဩဂုတ်  ၂၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ဆီထွက်သီးနှံဖြစ်သည့် မိုးနှမ်းစိုက်ပျိုးမှုမှာ  ယခင်နှစ်ထက် မိုးနှမ်းတိုးချဲ့ စိုက်ပျိုးမှုရှိသော်လည်း မိုးရွာသွန်းမှုများခြင်းကြောင့် မိုးနှမ်းစိုက်တောင်သူများ အခက်ကြုံဖွယ်ရှိကြောင်း တောင်သူများထံမှ သိရသည်။


နှမ်း အထွက်နှုန်းကောင်းရေးအတွက် မျိုးကောင်းမျိုးသန့်များဖြစ်သည့် ဆင်းရတနာ-၃၊ ဆင်းရတနာ-၄၊ ဆင်းရတနာ-၁၂၊ ဆင်းရတနာ-၁၄ မျိုးများကို စိုက်စနစ်မှန်ကန်စွာ တစ်ဧကလျှင် (၂) ပြည်မှ (၃) ပြည်နှုန်း၊ နွားချေး၊ မြေဆွေး (၅) စီးမှ (၆) စီး၊ ပုလဲ (၁၆) ပြည်၊ တီစူပါ (၁၆) ပြည်၊ ပိုတက် (၈) ပြည် မြေပြုပြင်ချိန်ထည့်၍ နှမ်းလျှင်မျိုးကို ပင်ကြားတန်းကြား (၁၂×၄) လက်မ၊ နှမ်းကြီးမျိုးကို ပင်ကြားတန်းကြား (၁၈×၄) လက်မဖြင့် စိုက်ပျိုးရကြောင်း၊ အဖူးဝင်ချိန် ပုလဲမြေသြဇာ (၈) ပြည်ထပ်ကျွေး၍ အဖူးဝင်ချိန်နှင့် နှမ်းသီးချိန်တွင် အစိုဓါတ်လုံလောက်အောင်ထားရကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


ဖြူးမြို့နယ်အတွင်း ဆီထွက်သီးနှံဖြစ်သည့် မိုးနှမ်းကို  မေလမှစတင်စိုက်ပျိုးခဲ့ရာ  (၂၂၈) ဧကထိ တိုးချဲ့စိုက်ပျိုးခဲ့သော်လည်း ရာသီဥတုအခြေအနေကြောင့် အထွက်နှုန်း နည်းနိုင်ကြောင်း၊ ဆောင်းရာသီတွင်  ဆောင်းနှမ်းများကို​ စိုက်ပျိုးမှုဧကပိုမိုများပြားစွာ စိုက်ပျိုးလေ့ရှိပြီး  အထွက်နှုန်း​ပိုကောင်းကြောင်း သိရသည်။


နေမျိုးလွင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)