လူငယ်နှင့်အားကစား၊ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများ အသိပညာပေးဟောပြော နံရံကပ်စာစောင်များပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူငယ်နှင့်အားကစား၊ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများ အသိပညာပေးဟောပြော နံရံကပ်စာစောင်များပြသ

 




MNP ၊  ဩဂုတ်  ၂၅

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်ရုံးနှင့် အင်းတော်မြို့ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက် (၁၀) နာရီအချိန်က အင်းတော်မြို့ အင်းမြသာယာအားကစားခန်းမ၌ လူငယ်နှင့်အားကစား၊ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများ ကို အသိပညာပေးဟောပြောခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ကြောင်း သိရသည်။


မိမိတို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်လူရွယ်အားကစာသမားများ၊ ကျောင်းသား/ကျောင်းသူများကို မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲများ၊ နံရံကပ်စာစောင်ပြပွဲများကို အခါအားလျှော်စွာ ပြသဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ လူငယ်လူရွယ် အားကစာသမားများ ကျောင်းသူ/ကျောင်းသားများ အနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်များကို သိရှိနားလည်ပြီး မူးယစ်ဆေးဝါး၏ သားကောင်များအဖြစ်မှ ကင်းဝေးစေနိုင်ရေး၊ နိုင်ငံတော်၏ အားကိုးအားထားပြုရမည့် လူချွန်လူကောင်းများ ပေါ်ထွက်လာနိုင်ရေး၊ ထူးချွန်သည့် အားကစားသမားကောင်းများ ထွက်ပေါ်လာရေးတို့အတွက် ယခုကဲ့သို့ အသိပညာပေး ဟောပြောပွဲများကို ဆောင်ရွက်ပေးရခြင်းဖြစ်ပါကြောင်း အင်းတော်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သီဟက ပြောပြခဲ့သည်။


အဆိုပါ အဖွဲ့သည် နံနက် ၁၀ နာရီအချိန်၌ အင်းတော်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန (Youth Camp) မှ လူငယ်လူရွယ် အားကစားသမားများအား မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း သိကောင်းစရာများ အသိပညာပေး နံရံကပ်စာစောင်ကို ပြသခဲ့သည်။ ထို့နောက် အင်းတော်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်မြင့်မြင့်စန်းက လူငယ်နှင့်အားကစား အကြောင်းအရာများကိုလည်းကောင်း၊ အင်းတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများကိုလည်းကောင်း အသိပညာပေး ဟောပြောခဲ့သည်။ ၎င်းနောက် သက်ဆိုင်ရာ အားကစားနည်းများအလိုက် ထောက်ပံ့အားကစားပစ္စည်းများကို မြို့နယ်အားကစားမှူး၊ မြို့နယ် ပြန်/ဆက် ဦးစီးအရာရှိနှင့် အားကစားနည်းပြ ဦးအောင်အောင်တို့က အားကစားသမား လူငယ်လူရွယ်များအား အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။ ယင်းအသိပညာပေး ဟောပြောပွဲအခမ်းအနားသို့ အင်းတော်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ် ပြန်/ဆက် ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ အားကစားနည်းပြများ၊ (Youth Camp) မှ အားကစားသမား လူငယ်လူရွယ်များ အင်အား (၁၅၀) ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ကျော်သီဟ

https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)