အမ်းမြို့နယ်၌ ပုဂ္ဂလိကဆေးခန်းလိုင် စင်လျောက်ထားမှုနှင့်တရားမဝင်ဆေး ဝါးများစျေးကွက်အတွင်းရောက်ရှိမှုမရှိစေရေးကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌ ပုဂ္ဂလိကဆေးခန်းလိုင် စင်လျောက်ထားမှုနှင့်တရားမဝင်ဆေး ဝါးများစျေးကွက်အတွင်းရောက်ရှိမှုမရှိစေရေးကွင်းဆင်းစစ်ဆေး







MNP ၊  ဩဂုတ်  ၂၅

      ရခိုင်ပြည်နယ်၊အမ်းခရိုင်၊ အမ်းမြို့ နယ် ၌ ပုဂ္ဂလိကဆေးခန်းဖွင့်လှစ်နိုင်ရေးလိုင်စင်လျှောက်ထားမှုအပေါ်စစ်ဆေး ခြင်းနှင့်တရားမဝင်ဆေးဝါးများစျေးကွက်အတွင်းရောက်ရှိမှုမရှိစေရေးကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် ၈နာရီအ ချိန်တွင်အောက်ရွာကျေးရွာအုပ်စုသို့့မြို့နယ်တရားမဝင်ကုန်သွယ် မှုတိုက်ဖျက်ရေးအဖွဲ့မှကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။


 အဆိုပါ ပုဂ္ဂလိကဆေးခန်းဖွင့်လှစ်နိုင်ရေးလိုင်စင်လျောက်ထားမှုအပေါ် စစ်ဆေးခြင်းနှင့်တရားမဝင်ဆေးဝါးများစျေးကွက်အတွင်းရောက်ရှိမှုမရှိစေရေးကွင်းဆင်းစစ်ဆေးခြင်းကိုတရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့ဥက္ကဌကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးရွှေအေးမြို့နယ်ကျန်မာရေးဦးစီးဌာနမှူး ဒေါက် တာ အောင်ကျော်မိုး၊မြို့နယ်ရဲတပ်ဖွဲမှူးရဲမှူးမင်းဦးနှင့် ပူး ပေါင်းအဖွဲ့တို့က အောက်ရွာကျေးရွာ အုပ်စု ဦးထွန်းသိန်း၏ ပုဂ္ဂလိကဆေးခန်းဖွင့်လှစ်နိုင်ရေးအတွက်ဆောင်ရွက်ထားမှုအခြေအနေများအားကွင်းဆင်းစစ်ဆေးခဲ့သည်။


    ဆက်လက်ပြီးမြို့နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးကွင်းဆင်းစစ် ဆေးအဖွဲ့သည်အောက်ရွာကျေးရွာရှိ ဆေးဆိုင်များသို့ လျှောင်တခင်သွား ရောက်၍တရားမဝင်ဆေးဝါးများစျေး ကွက်အတွင်းရောက်ရှိမှုမရှိစေရေးနှင့်သက်တန်းလွန်ဆေးဝါးများရောင်ချမှုမရှိစေရေးကွင်းဆင်းစစ် ဆေးဆောင် ရွက်ခဲ့သည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)