မွန်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၆/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြည်နယ်ဝန်ကြီးချုပ် တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၆/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်






MNP ၊  ဩဂုတ်  ၁၉

မွန်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ  (၆/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ (၁၈) ရက်​နေ့၊ မွန်းလွဲပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ  မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက နိုင်ငံတော်အစိုးရအနေဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဘက်ပေါင်းစုံမှ ဖြေလျော့ဆောင်ရွက်ပေးသကဲ့သို့ မွန်ပြည်နယ်အတွင်း ခရီးသွားများ ယခုထက် ပိုမိုလာရောက်လည်ပတ်နိုင်ရေးနှင့် ခရီးစဉ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဆက်စပ်ဌာနများနှင့် ပေါင်းစပ်၍ လိုအပ်သည့် မူဝါဒကောင်းများ ချမှတ်ကာ အလေးထားဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ပြည်နယ်အတွင်း ခရီးသွားဧည့်သည်များအား ဆွဲဆောင်နိုင်သည့် ခရီးစဉ်ဒေသများ များစွာရှိပြီး ရှေးဟောင်းအဆောက်အဦများ၊ ကိုလိုနီခေတ်အဆောက်အဦများ ထင်ရှားသည့် ဘုရားစေတီများစွာ တည်ရှိနေခြင်း​ကြောင့် ခရီးသွားမြှင့်တင်ရေးကို ကြိုးစားဆောင်ရွက်ရာ၌ အထောက်အပံ့ ကောင်းများဖြစ်ပါကြောင်း၊


ခရီးသွားပြည်သူများ လွယ်ကူသွားလာမှု အဆင်ပြေစေရေး လေကြောင်းခရီးစဉ်နှင့် ပတ်သက်၍ နေ့စဉ်ပျံသန်းပြေးဆွဲလျက်ရှိသည့်အပြင် မီးရထားခရီးစဉ် နှင့်ပတ်သက်ပြီး နေ့စဉ်ပြေးဆွဲလျက်ရှိပါကြောင်း၊ ခရီးသွားကဏ္ဍနှင့် ချိတ်ဆက်၍ MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး တွန်းအားပေးဆောင်ရွက် လျက်ရှိသလို သဘာဝကိုအ​​ခြေခံသည့် ခရီးသွားလုပ်ငန်း Eco Tourism များအား ​ဖော်​ဆောင်​ပေးရန် လိုအပ်ပါ​ကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းသည် နိုင်ငံတော်ကို မီးခိုးမထွက်ဘဲ အခွန်ငွေရှာဖွေပေးနေသည့် လုပ်ငန်းဖြစ်သည့်အတွက် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးဖြစ်သည်နှင့်အညီ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတွက် ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။


ထို့​နောက် မွန်ပြည်နယ်ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇေယျာထွန်းမှ ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်း​ ဖွံဖြိုးတိုးတက်​ရေး ​ဆောင်ရွက်ထားရှိမှု၊ လိုင်စင်ဆိုင်ရာကိစ္စရပ်များနှင့် အထွေထွေကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့ပြီး ခရီးသွားလုပ်ငန်းကော်မတီဝင်များက တင်ပြအကြံပြု ဆွေးနွေးခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)