MNP ၊ ဩဂုတ် ၁၉
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ပံ့ပိုးသော ယူရီးယား ဓာတ်မြေဩဇာအိတ်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်က ယူရီးယားဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားပြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမိုးကျော်စွာဝင်းက မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်မည့် အစီအစဉ်နှင့် ဓာတ်မြေဩဇာသုံးစွဲနည်းများ အကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မိုင်းဖုန်း(က) ကျေးရွာအုပ်စုနှင့် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုအတွင်းရှိ တောင်သူ (၆၀) ဦးအား ယူရီးယား ဓာတ်မြေဩဇာအိတ် (၇၅) အိတ်ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့နယ်အတွင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လယ်စပါးမျိုးစေ့ထုတ် ပန်းတိုင်စံပြကွက်နှင့် ပန်းတိုင်ရရှိအောင် ဆောင်ရွက်မည့် တောင်သူများအတွက် ပံ့ပိုးသော ယူရီးယားဓာတ်မြေဩဇာ (၃၂၀) အိတ်အား ကျေးရွာအုပ်စု (၁၀) အုပ်စုမှ တောင်သူ (၂၅၀) ဦး၏ စိုက်ပျိုးဧက (၃၂၀) ဧကအတွက် တစ်ဧကလျင် ဓာတ်မြေဩဇာ (၁) အိတ်နှုန်းဖြင့် ယူရီးယားဓာတ်မြေဩဇာ (၃၂၀) အိတ်အား ထောက်ပံ့ ပေးအပ်ပြီးကြောင်း သိရသည်။
ကျော်ဇေယျာလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment