MNP ၊ ဩဂုတ် ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ သက်ကြီးရွယ်အိုအခွင့်အရေးများဆိုင်ရာဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မိုင်းပျဉ်းမြို့အခြေခံပညာအထက်တန်းကျောင်း နဝဒေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေ့ဦးစွာ မိုင်းပျဉ်းမြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမြင့်ဝင်းက အဖွင့်အမှာစကားပြောကြားသည်။ထို့နောက် မြို့နယ်ဥပဒေအရာရှိ ဦးနေလင်းထွန်းကသက်ကြီးရွယ်အိုဥပဒေ၊ နည်းဥပဒေဆိုင်ရာများ၊ မြို့နယ်လူမှုဝန်ထမ်းရုံးမှ မြို့နယ်ဦးစီးအရာရှိဒေါ်စုစုရီက သက်ကြီးရွယ်အိုအခွင့်အရေးဆိုင်ရာများနှင့်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်နန်းသန္တာဦးက လူငယ်ရေးရာအကြောင်းတို့ကို အသီးသီးဆွေးနွေးဟောပြောခဲ့ကြသည်။ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောင့်ရေးအသင်းတို့က အခမ်းအနားသို့ တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူများအား စာရေးကိရိယာများ ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေ၊နည်းဥပဒေများ အသိပညာပေးဟောပြောပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ဌာနဆိုင်ရာအကြီးအကဲများ ၊လူမှုရေးအသင်းအဖွဲ့များနှင့်ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း(၁၃၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ရန်နောင်ထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment