MNP ၊ ဩဂုတ် ၂၈
လားရှိုးခရိုင်၊ အသေးစားလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် အသေးစားကုန်ထုတ်လုပ်ငန်းဖန်တီးရေးနှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းအဖြစ် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်ဖြင့် ဖွင့်လှစ်သည့် အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီ အချိန်က လားရှိုးမြို့နယ်၊ ဆုံကွယ်ကျေးရွာ ဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် လားရှိုးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်အောင်ဆန်းက သင်တန်းဖွင့်အမှာစကားပြောကြားပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကြည်မော်က သင်တန်းဖွင့်လှစ်မှုနှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးက သင်တန်းသုံး လက်သုံးကိရိယာများကို ပေးအပ်ရာ သင်တန်းဆရာတစ်ဦးက လက်ခံရယူသည်။
အဆိုပါ အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းကို ယနေ့မှ စက်တင်ဘာလ ၂၆ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ လားရှိုးမြို့နယ်အတွင်း နေထိုင်သည့် ဒေသခံ ၁၂ ဦး တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment