MNP ၊ ဩဂုတ် ၂၈
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူငယ်ရေးရာကော်မတီနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယနေ့၊ နံနက် ၁၀ နာရီအချိန်ခန့်က ကျိုက်ထိုမြို့၊အခြေခံပညာအထက် တန်းကျောင်း(ရွှေဥဩ) ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စာပေချစ်သူများအသင်း(Book Club) အဖွဲ့ဝင် ဦးလှထွန်းမှ အမှာစကား ပြောကြားပြီး ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော် က လူငယ်စကားဝိုင်းပြုလုပ်ပေးရသည့် ရည်ရွယ်ချက်နှင့် ကျောင်းသားကျောင်းသူများအနေဖြင့် ကျောင်းစာပညာရပ်များသာမက ဗလငါးတန်နှင့်ပြည့်စုံရန်၊အကျင့်စာရိတ္တ ကောင်းမွန်ပြီး အသိဉာဏ်ဖွံ့ဖြိုးသူများဖြစ်စေရန်ပြင်ပစာအုပ်၊ စာပေတို့ကို လေ့လာခြင်းဖြင့် နိုင်ငံ့သားကောင်းလူငယ်များဖြစ်လာရေး ဆွေးနွေး ပြောကြားခဲ့သည်။
ဆက်လက်၍ စကားဝိုင်းကိုကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိကအစီစဉ်တင်ဆက်သူအဖြစ်ဆောင်ရွက်ပြီး မြို့နယ်အားကစားမှူးဦးရန်နိုင်အောင်၊အထက(ရွှေဥဩ)ကျောင်းမှမောင်ဆုန်ဖြိုး၊မောင်ရှိန်းထက်အောင်၊မောင်ရွှေတိုးနှင့်မသုန္ဒရီတို့မှ "လူငယ်နှင့်အားကစား"၊"လူငယ်နှင့်အောင်မြင်မှု"၊"လူငယ်နှင့်အချိန်"၊လူ့တန်ဖိုး"ခေါင်းစဉ်တို့ဖြင့် ၎င်းတို့ဖတ်ရှုလေ့လာထားသည့် စာရေးသူ၏ဆိုလိုရင်းနှင့် ၎င်းတို့၏ အတွေ့အကြုံများ၊ အတွေးအခေါ်များတိုကို ကျယ်ကျယ်ပြန့်ပြန့် မျှဝေ ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးကြရာ စကားဝိုင်းပါဝင်ဆွေးနွေးသူတို့က ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြပြီး အထက( ရွှေဥဩ) ကျောင်းအုပ်ဆရာမကြီး ဒေါ် ဝင်းသန်း က လူငယ်စကားဝိုင်းလာရောက်ပြုလုပ်ပေးရခြင်းနှင့်စပ်လျဉ်း၍ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များကို ခင်းကျင်းပြသထားရာ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment