MNP ၊ ဩဂုတ် ၂၈
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန မှ အသိ ပညာပေးဟောပြောခြင်းကို ယနေ့ နံနက် ၁၁ နာရီအချိန်ကျောက်ရာဇ်ကေရပ်ကွက် ၊ အ.မ.က (မူလွန်) ကျောင်း၌ ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယလက်ထောက်ဦးစီးမှူး ဦးထွန်းမင်းသိန်း က "ပလတ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်စို့" အကြောင်းကို ဟောပြောရာတွင် ပလစ်တစ်နှင့် ဆက်စပ်အမှိုက်များ၏ ဆိုးကျိုးများအကြောင်း၊ အဆိပ်သင့်ဓာတုပစ္စည်းများကြောင့် ဖြစ်ပွား နိုင်သော ရောဂါများအကြောင်း၊ သာမာန်အမှိုက်နှင့်ပလတ်စတစ် ၊ပလတ်စတစ်ရောနှော ပစ္စည်း အမှိုက် များဆွေးမြေ့မည့်ကြာမြင့်ချိန်၊ ပလတ်စတစ်ညစ်ညမ်းမှု လျော့ချနိုင်မည့်နည်းလမ်းများ စသော အကြောင်းအရာများကို အကျယ်တဝင့် ပြောကြားခဲ့ပြီး ကျောင်းသား ၊ ကျောင်းသူများ အနေဖြင့်နည်း မိမိတို့နေထိုင်ရာပတ်ဝန်းကျင်တွင် စွန့်ပစ်အမှိုက်များကို အမှိုက်ပုံးရှိရာသို့ စနစ် တကျစွန့်ပစ်ကြစေရန် စသောအကြောင်းအရာများကို ပြောကြားခဲ့သည်။
ထို့နောက် အသိပညာဟောပြောပွဲသို့ ကျောင်းသား၊ကျောင်းသူ (၆၀) ဦးခန့်တက်ရောက် ကြပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် စွန့်ပစ်အမှိုက်များစနစ်တကျစွန့်ပစ်တတ်ခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ထိန်းသိမ်းတတ်စေရန်အတွက် အသိပညာပေးဟောပြောခြင်း ၊ လက်ကမ်းစာစောင် များဖြန့်ဝေမှုတို့ဖြင့် ဒေသခံပြည်သူများ၊ ကျောင်းသား/ ကျောင်းသူ များ ကို အသိပညာပေး လုပ်ငန်းများကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မြင့်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment