ပေါင်မြို့နယ်၌(၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌(၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ





MNP ၊  ဩဂုတ်  ၂၄

မွန်ပြည်နယ် ၊ပေါင်မြို့နယ်၌ (၂၄)ကြိမ်မြောက် တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထင်လင်းအောင် က (၂၄)ကြိမ်မြောက် မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးကို အခြေခံပညာကျောင်းများနှင့်ရပ်ကွက်/ကျေးရွာရှိဝါသနာရှင် ပြည်သူများ ပါဝင်ယှဉ်ပြိုင်ကြဖို့ဖိတ်ခေါ်ပါကြောင်းအမှာစကားပြောကြားသည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဦးကျော်လင်းဦးက ယခင်နှစ်ကျင်းပခဲ့မှုအပေါ် အားနည်းချက်များကိုအဖြေရှာ၍ ပြိုင်ပွဲကျင်းပရေးကော်မတီအဖွဲ့ဝင်များအားလုံးက ယခုနှစ်ပြိုင်ပွဲကြီးကို အကောင်းဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။


ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ  ဖိတ်ကြားထားသည့် ပြိုင်ပွဲကျင်းပရေး ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများအလိုက် ဖွဲ့စည်းတာဝန်ပေးအပ်ထားသောလုပ်ငန်းစဉ်များနှင့် ပြိုင်ပွဲအမျိုးအစားစုံလင်စွာ ထည့်သွင်းကျင်းပနိုင်ရေး ရှင်းလင်းတင်ပြမှု များအပေါ်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များက လိုအပ်သည်များဖြည့်စွက်ဆွေးနွေးခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)