ငပလီမြို့ရုံး၌ ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားရေး စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငပလီမြို့ရုံး၌ ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားရေး စာဖတ်ဝိုင်းကျင်းပ



MNP ၊  ဩဂုတ်  ၂၄

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ သံတွဲခရိုင် ၊ ငပလီမြို့ရုံး၌ ဝန်ထမ်းများစွမ်းဆောင် ရည်မြင့်မားရေးအတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲ လစဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၁)နာရီအချိန်က နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ စာအုပ်ဖြင့်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။


ရှေ့ဦးစွာ မြို့ဦးစီးမှူး ‌ဒေါ်မြင့်မြင့်အေး ကအမှာစကားပြောကြားပြီးနောက် စာဖတ်ဝိုင်းကို စတင်ရာ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ခင်မာသူ က နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများပါ အခန်း(၂)ပါ ဝန်ထမ်းခန့် ထားခြင်းဆိုင်ရာသတ်မှတ်ချက်များကိုလည်းကောင်း ၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်ခင်သူဇာလှိုင် က အခန်း(၃)ပါ ဝန်ထမ်းခန့်ထားခြင်းနှင့်ဌာနကူးပြောင်းတာဝန်ထမ်းဆောင်ခြင်း ကိုလည်းကောင်း ၊ အငယ်တန်း စာရေး ဒေါ်ခင်မြဝါ က အခန်း(၄)ပါ ရာထူးတိုးမြှင့်ခြင်း ကိုလည်းကောင်း ဖတ်ကြားဆွေးနွေးကြသည်။ ထို့နောက် မြို့ဦးစီးမှူး ဒေါ်မြင့်မြင့်အေး ကဆွေးနွေးချက်များအပေါ်ပြန်လည်ဆွေးနွေး ရှင်းလင်းသည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ငပလီမြို့ရုံး သည်ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မား ရေးအတွက် စာဖတ်ဝိုင်းများကိုလစဉ်(၂)ကြိမ်ပုံမှန်ဆွေးနွေးလျက်ရှိကြောင်းသိရသည်။ 


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)