ပေါက်တောမြို့ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါက်တောမြို့ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်






MNP ၊  ဩဂုတ်  ၂၄

         ရခိုင်ပြည်နယ် ၊ စစ်တွေခရိုင် ၊ ပေါက်တောမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လျင်မြန်မှန်ကန်စွာဆောင်ရွက်နိုင်ရန်အတွက် သတ်မှတ်ထားသည့် လုပ်ငန်းစနစ်  Standard Operating Procedure (SOP)  စာအုပ်ဖြင့် ဝန်ထမ်းများရုံးတွင်းစာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမတွင်ပြုလုပ်ခဲ့သည်။


         အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိန်က ဌာနတွင်းထုတ်ဝေထားသည့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် လျင်မြန်မှန်ကန်စွာ ဆောင်ရွက်နိုင်ရန်အတွက် သတ်မှတ်ထားသည့် လုပ်ငန်းစနစ်များ (SOP) စာအုပ်တွင်ပါရှိသည့် စီမံခန့်ခွဲရေးဆိုင်ရာ စံသတ်မှတ်ချက်လုပ်ငန်းစနစ်များ ၊ ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် ဝန်ထမ်းစည်းမျဥ်းစည်းကမ်းများကို သိရှိကြစေရန်၊ ဌာနတွင်းဆောင်ရွက်ရသည့် လုပ်ငန်းများကို စနစ်တကျရှိစေရေးအတွက် ဝန်ထမ်းတိုင်းသိရှိလိုက်နာဆောင်ရွက်မှသာ ရုံးလုပ်ငန်းများ ထိရောက်အောင်မြင်မည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး ဒုတိယဦးစီးမှူး ဦးဝင်းမင်းစိုးက စာကြည့်တိုက်လုပ်ငန်းဆိုင်ရာ စာစုလုပ်ငန်း ၊ စာပြုလုပ်ငန်း ၊ မှတ်ပုံတင်ခြင်းလုပ်ငန်းများ၊ စာကြည့်တိုက် ပုံမှန်စစ်ဆေးခြင်း၊ ဝန်ဆောင်မှုလုပ်ငန်းများ စသည့် ခေါင်းစဉ်များတွင် ပါဝင်သော အကြောင်းအရာများအား ဖတ်ကြားဆွေးနွေးခဲ့ရာ ဝန်ထမ်းများသိရှိလိုသည်များကို ပြန်လည်မေးမြန်းရာ မြို့နယ်ဦးစီးမှူးက ပြန်လည်ဆွေးနွေးရှင်းလင်းခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)