ကျိန္တလီမြို့ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိန္တလီမြို့ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပပြုလုပ်








MNP ၊  ဩဂုတ်  ၂၄

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ ညနေပိုင်း က အ.ထ.က ကျိန္တလီကျောင်း ရွှေကိန္နရီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေ့ဦးစွာ အ.ထ.က ကျိန္တလီမှ ဆရာမ ဒေါ်ဖြိုးဝေမွန်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးက လူငယ်များ အသိပညာတိုးတက် လာစေရန်၊ စာပေအပေါ် လေးစားတန်ဖိုးထားတတ်လားစေရန်၊ စာပေအသိမှ ပရိတ်သတ်ရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိရှိလာစေရန်၊ လူ့ဘောင်အဖွဲ့အစည်းတွင် ရင်းနှီးချစ်ခင်စွာ ပြောဆိုတတ်လာစေရန် လူငယ်အချင်းချင်း အသိပညာ အတတ်ပညာများ ဖလှယ်တတ်စေရန်၊ တစ်ဦးနှင့်တစ်ဦး ယဉ်ကျေးမှုများရှိပြီး ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အမှားအမှန်ကို ခွဲခြားတတ်စေရန်နှင့် စဉ်းစားဆင်ခြင်ဉာဏ် မြင့်မားလာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက ဦးဆောင်သူအဖြစ်ပါဝင်ဆောင်ရွက်ပြီး Grade-10 မှ  မောင်အောင်ဖြိုးသူက “မူးယစ်ဆေးဝါးဆိုသည်မှာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 မှ  မပန်းဆုရတီလင်းက “မူးယစ်ဆေးသုံးစွဲရခြင်း၏းအကြောင်းအရင်းများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 မှ  မဖြိုးအိမွန်က “မူးယစ်ဆေးသုံးစွဲခြင်း၏ဆိုးကျိုးများ” ခေါင်းစဉ်ဖြင့်လည်ကောင်း၊ Grade-10 မှ  မခင်အေးချိုက “မူးယစ်ဆေးသုံးစွဲသူတို့၏သွင်ပြင်လက္ခဏာများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အသီးသီး ဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား/သူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။ 


အဆိုပါ အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား/သူများက ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာနက ခင်းကျင်းပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကိုစိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။ 


ဇော်လင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)