တပ်ကုန်းမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဒုတိယရက်တွင် ကျောင်းသူပေါင်း ၁၁၃၃ ဦးအား လျာထားထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်ကုန်းမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဒုတိယရက်တွင် ကျောင်းသူပေါင်း ၁၁၃၃ ဦးအား လျာထားထိုးနှံ



MNP ၊  ဩဂုတ်  ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အောင်ဇေယျရပ်ကွက်၊ အမှတ်(၁)နှင့် မြဝတီရပ်ကွက်၊ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းများတွင် ဒုတိယရက်အဖြစ် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းများရှိ ကာကွယ်ဆေးထိုးစုရပ်တွင် သားအိမ်ခေါင်းကင်ဆာ  ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။


အဆိုပါကာကွယ်ဆေးများ ထိုးနှံပေးရာတွင် တပ်ကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ​ကျော်မောင်၏ ကြီးကြပ်မှုဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကာကွယ်ဆေးထိုး ကျန်းမာရေးဆရာ၊ ဆရာမများ၊ အခြေခံပညာကျောင်းများမှ ဆရာမများ ပူးပေါင်း၍ ထိုးနှံပေးခဲ့ရာ ကာကွယ်ဆေးမထိုးမီ စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ဆေးထိုးပြီးနောက် ခေတ္တစောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာစေခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးခဲ့ပြီး၊ အောင်ဇေယျရပ်ကွက်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ကာကွယ်ဆေးထိုးစုရပ်တွင် ကျောင်းပေါင်း ၁၄ကျောင်း၊ ကျောင်းသူ ၅၃၀ ဦးအား လျာထားထိုးနှံပေးခြင်း၊ မြဝတီရပ်ကွက်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ကာကွယ်ဆေးထိုး စုရပ်တွင် ကျောင်းပေါင်း ၁၂ ကျောင်း၊ ကျောင်းသူ ၆၀၃ ဦးအား လျာထားထိုးနှံပေးခြင်း၊ လျာထားထိုးနှံကျောင်းသူပေါင်း ၁၁၃၃ ဦးအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံခဲ့ကြောင်း၊ ဩဂုတ် ၂၂ ရက်နေ့တွင် ကျောင်းသူ ၁၀၀ ဦးအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပြီးခဲ့ကြောင်းနှင့် ကျန်ကျောင်းသူများလည်း ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း  သိရသည်။


တင်စိုးလွင်

https://t.me/MyanmarNationalPost










No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)