မြစ်သား(အ.ထ.က)ကျောင်း၌ ဝါတွင်းကာလ အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြစ်သား(အ.ထ.က)ကျောင်း၌ ဝါတွင်းကာလ အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်


MNP ၊  ဩဂုတ်  ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ အပတ်စဥ် အဝေးဖိတ်နေ့တိုင်းဖွင့်လှစ် သင်ကြားပေးလျက်ရှိသော အခြေခံဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းကို ယမန်‌နေ့မွန်းလွှဲ (၂)နာရီအချိန်က မြစ်သား (အ.ထ.က)ကျောင်း ကျန်စစ်သားအစည်းအဝေးခန်းမတွင် ဖွင့်လှစ်သင်ကြားကြောင်း သိရသည်။


ရှေးဦးစွာ ယဉ်ကျေးလိမ္မာသင်တန်းတွင် မြစ်သားမြို့နယ် မင်းကုန်းရပ်ကွက်ရှိ  မင်းကုန်းပရိယတ္တိစာသင်ကျောင်းတိုက်မှ ဆရာတော် ဦးကေလာသက သင်ကြားပြသပေးကာ ကျောင်းသား/ကျောင်းသူများအနေဖြင့် အန‌န္တောအနန္တ(၅)ပါးကို ယုံကြည်သက်ဝင်မှုများ တိုးပွားလာစေရန်၊ ဗုဒ္ဓဘာသာ၏အခြေခံသဘောတရားများကိုသိရှိစေရန်၊ ဗုဒ္ဓတရားတော် ဆုံးမစာများနှင့် ကိုယ်၊ စိတ်၊ နှလုံး (၃)ပါးလုံး ယဉ်ကျေးသိမ်မွေ့လာစေရန်နှင့် ဘာသာ၊ စာရိတ္တ၊ ယဉ်ကျေးမှု အကြောင်းအရာများ၊ ဗုဒ္ဓ၊ ဗုဒ္ဓဘာသာ၊ ဗုဒ္ဓဘာသာဝင်၊ ဗုဒ္ဓဝင်အကျဉ်း၊ မပြစ်မှားထိုက်သော ခင်ပွန်းကြီး(၁၀)ပါး၊ ဘုရားရှိခိုးခြင်း၊ ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီးကပ်နှင့်ဆုတောင်း၊ မေတ္တာပို့ခြင်း၊ ရတနာသုံးပါးကျေးဇူး၊ ကံကံ၏အကျိုး၊ ဒုစရိုက်သုစရိုက်အကြောင်း၊ မင်္ဂလသုတ်မှ အခြေခံသိသင့်သိထိုက်သော မင်္ဂလာကဗျာများ စသည့်သင်ခန်းစာများကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ 


အဆိုပါ သင်တန်းကို မြို့နယ်အတွင်းရှိ အထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသီတာနှင့်ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများတက်ရောက်ကာ ယခုနှစ်သင်တန်းအား သြဂုတ်လ(၇) ရက်နေ့မှစတင်ပြီး သင်တန်းကို ဝါတွင်းကာလအပတ်စဉ်အဝေးဖိတ်နေ့တိုင်း အခြေခံဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းကို အမေး/အဖြေများဖြင့် စာတွေ့၊လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ဝင်းမင်းထွန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)