ပွင့်ဖြူမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်း အခမဲ့ ဖွင့်လှစ်သင်ကြားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပွင့်ဖြူမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်း အခမဲ့ ဖွင့်လှစ်သင်ကြားပေး




MNP ၊  ဩဂုတ်  ၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မြို့နယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း(ပွင့်ဖြူ)နှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းပြီး ရှေးဦးအရွယ်ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းစနစ်တကျ ပြုစုစောင့်ရှောက်ပေးနိုင်ရေးအတွက် ရည်ရွယ်၍ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်း(၄/၂၀၂၃) သင်တန်းအား ဩဂုတ် ၂ ရက်နေ့မှ စတင်၍ အခမဲ့ ဖွင့်လှစ်သင်ကြားပေးနေကြောင်း ပွင့်ဖြူမြို့နယ်ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဦးခင်မောင်ဇော်ထံမှ သိရသည်။


အဆိုပါ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်းတွင် ကလေးသူငယ်များ၏ ဖွံ့ဖြိုးမှုကဏ္ဍ(၅)ရပ် သင်ကြားနည်းစနစ်များ၊ ရှေးဦးသူနာပြုစုနည်းစနစ်များ၊ သင်ထောက်ကူပစ္စည်း ပြုလုပ်နည်းစနစ်နှင့် သင်ခန်းစာအစီအစဉ် ရေးဆွဲခြင်းနည်း စနစ်များ၊ အသွင်ကူးပြောင်းကာလ အရေးကြီးပုံများနှင့် အထူးဂရုပြုစောင့်ရှောက်ရန် လိုအပ်သော ကလေး သူငယ်များကို ပြုစုစောင့်ရှောက်ခြင်းဆိုင်ရာများ၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး မိဘအသိပညာပေးခြင်းများနှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှုဆိုင်ရာများ စသည့် ကလေးသူငယ်များ၏ ဘက်စုံ ဖွံ့ဖြိုးမှုနှင့် ပြုစုစောင့် ရှောက်ရေးဆိုင်ရာ သင်ခန်းစာများကို လူမှုဝန်ထမ်းဦးစီးဌာနမှ အရာထမ်းနှင့် အမှုထမ်းဝန်ထမ်းများက နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ စာတွေ့လက်တွေ့ အခမဲ့ ဖွင့်လှစ် သင်ကြားလျက်ရှိကြောင်း သိရသည်။


ယင်းသင်တန်းကို ပွင့်ဖြူမြို့နယ်အတွင်းရှိ မူလကြိုကျောင်းများမှ ဆရာ ၊ ဆရာမ သင်တန်းသားဦးရေ ၃၃ ဦး တက်ရောက်သင်ကြားလျက်ရှိပြီး ဩဂုတ် ၂ ရက်နေ့မှ ၁၇ ရက်နေ့အထိ အခမဲ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။


လှိုင်ဝင်းလေး 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)