မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club)ဖြင့် စာဖတ်ဝိုင်းကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club)ဖြင့် စာဖတ်ဝိုင်းကျင်းပ


MNP ၊  ဩဂုတ်  ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီခွဲက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မောင်ခင်မင်(ဓနုဖြူ)ရေးသားသော "အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်သီတာအေးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ အများပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရူသည့်အလေ့အထများ ဖြစ်ပေါ်စေရေးနှင့် လူငယ်များအနေဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းဖြင့် ပြောဆိုဆွေးနွေးသည့်အခွင့်အလမ်းများ ရရှိစေရေးအတွက် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး  လူကြီးများကလူငယ်များထက် အတွေ့အကြုံများသည်မှာ အမှန်ဖြစ်တယ်၊ အတွေ့အကြုံများသည့်အလျောက် မိမိတို့လူငယ်ဘဝဖြတ်သန်းစဥ် တွေ့ကြုံခဲ့သော အတိမ်းအချော်များ၊ အားနည်းချက်များ၊ သင်ခန်းစာယူစရာများကို ပြန်လည်ဆင်ခြင်ပြီး လူငယ်များကို ထိန်းသိမ်းတည့်မတ်ပေးရပါလိမ့်မယ်၊ လူငယ်တို့ကရိုးသားတယ်၊ ဖြောင့်မတ်တယ်၊ သတ္တိရှိတယ်၊ ကိုယ်ကျိုးမငဲ့စတမ်း နိုင်ငံအကျိုးကိုဆောင်ရွက်ရန် စိတ်အားထက်သန်တယ်၊ စိတ်ဓာတ်အခြေခံကောင်းများရှိသော လူငယ်များ နိုင်ငံတော်အတွက် အကျိုးပြုစွမ်းဆောင်နိုင်အောင် "တကယ်ပညာတတ်သော" ပညာတတ်များဖြစ်လာရေး လူကြီးများက ပြင်ဆင်ပေးကြရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


ထိုနောက် စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက" လူငယ်တွေအတွက် လူကြီးတွေပြင်ဆင်သင့်တဲ့အရာများ"၊" တပည့်တွေအကြောင်း"၊ "ဆရာတပည့်ပုံရိပ်များ"၊ "နောက်တစ်ချက် ထပ်ရိုက်ပါ"၊ "သူတို့ရေးတဲ့ပေးစာလေးတွေ" စသည့်ခေါင်းစဥ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော စာပေဝါသနာရှင်များကလည်း စာအုပ်ပါအကြောင်းအရာများကို ဝင်ရောက်ဖတ်ရှုဆွေးနွေးခဲ့ကြောင်း သိရပါသည်။


စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လစဥ်ကျင်းပပြုလုပ်လျက်ရှိ​ပြီး စိတ်ပါဝင်စားသူများအနေဖြင့် တက်ရောက်လေ့လာနိုင်ကြောင်း သိရသည်။


သီတာအေး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)