MNP ၊ သြဂုတ် ၉
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ မော်နီကုန်းကျေးရွာ ကျောင်းထိုင်ဆရာတော်ကို ဩဂုတ်လ ၈ ရက်နေ့ ညပိုင်းက PDF အကြမ်းဖက်သမားများက လာရောက်ဖမ်းဆီးပြီး ဓါးဖြင့် အချက်ပေါင်းများစွာ ခုတ်၍ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။
မတ္တရာမြို့နယ်၊ မော်နီကုန်းကျေးရွာ ကျောင်းထိုင်ဆရာတော် ဦးစန္ဒိမာ သက်တော် (၄၁) နှစ်၊ ဝါတော် (၂၀) ရှိပြီဖြစ်ပြီး ဆရာတော်သည် ဘကကျောင်း ဆရာတော်ဖြစ်ပြီး ကျောင်းသား/သူ ၂၀၀ ခန့် စောင့်ရှောက်ထားသည်။
NLD အစွန်းရောက် PDF အကြမ်းဖက်သမားများအနေဖြင့် ဆရာတော်သံဃာတော်များကို ပစ်မှတ်ထား၍ သတ်ဖြတ်မှုများ စဉ်ဆက်မပြတ် ကျူးလွန်ခဲ့ကြပြီး သံဃာတော် အပါး ၈၀ ကျော် သတ်ဖြတ်ခြင်း ခံခဲ့ရပြီးဖြစ်သည်။
ဆရာတော် ဦးစန္ဒိမာ ကို NLD အစွန်းရောက် အကြမ်းဖက်သမားများက ဦးခေါင်း၊ ခန္ဓာကိုယ်၊ ခြေ၊ လက်တို့ကို ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်ထစ်၍ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ခြင်းမှာ ဗုဒ္ဓဘာသာဝင်များအတွက် မြင်ရက်ဖွယ်ရာ မရှိပေ။
#MyanmarNationalPost

No comments:
Post a Comment