ပေါက်တောမြို့နယ်တွင် ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်အတွက် ဆောင်ရွက်မည့်နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များရေးဆွဲရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါက်တောမြို့နယ်တွင် ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်အတွက် ဆောင်ရွက်မည့်နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များရေးဆွဲရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်





MNP ၊  ဩဂုတ်  ၉

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ဆောင်ရွက်မည့် နိုင်ငံပိုင်အခန်းရင်းနှီးမြှုပ်နှံမှု အစီအစဉ်များရေးဆွဲရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။


ရှေးဦးစွာ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်က မြို့နယ်စီမံကိန်းဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီနှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ အစည်းအဝေးပြုလုပ်ပြီးတင်ပြခဲ့သည့် လုပ်ငန်းများအနက် အားနည်းချက်၊အားသာချက်များတွေ့ရှိခဲ့ရကြောင်း၊ ယခုနှစ်အတွက် နိုင်ငံပိုင်အခန်း ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်လိုသည့် လုပ်ငန်းစီမံကိန်းများအနက် ဆောင်ရွက်ဆဲလုပ်ငန်းစီမံကိန်းများ၊ လုပ်ငန်းစီမံကိန်းအသစ်အဆိုပြုချက်များကို သက်ဆိုင်ရာဌာနများမှ စနစ်တကျရေးဆွဲကြရန်၊  လုပ်ငန်း ၁၀၀ ရာခိုင်နှုန်း ပြီးစီးရေးနှင့် အရည်အသွေးပြည်မီစွာဆောင်ရွက်နိုင်ရေးတို့ကို သက်ဆိုင်ရာကုမ္ပဏီများအား တွန်းအားပေးကြစေလိုကြောင်းနှင့် လိုအပ်ချက်များရှိပါက ပိုလျှံရန်ပုံငွေတွင်ထည့်သွင်းရေးဆွဲကြရန်တို့ကို အသေးစိတ်ဆွေးနွေးသည်။ 


ဆက်လက်ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း သက်ဆိုင်ရာဌာနအလိုက် တင်ပြထားသည့်  ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများနှင့်ပက်သက်၍ ဌာန အသီးသီးမှ တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေးက လိုအပ်သည်များကို ပြန်လည်အကြံပြုဆွေးနွေးခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)