မအီမြို့တွင် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးကိစ္စနှင့် တစ်ခြားကိစ္စရပ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းစည်းဝေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မအီမြို့တွင် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးကိစ္စနှင့် တစ်ခြားကိစ္စရပ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းစည်းဝေး






MNP ၊  ဩဂုတ်  ၉

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးကိစ္စနှင့် တစ်ခြားကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်း အစည်းအဝေးပြုလုပ်ခြင်းကို ယနေ့ နေ့လယ်ပိုင်းက အထွေထွေးအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။


အစည်းအဝေးတွင် မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ပုက ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဝါတွင်းကာလမတိုင်မီနှင့် ဝါတွင်းကာလအတွင်း သက်ဆိုင်ရာဒေသအသီးသီးရှိ ဘုရားကျောင်း၊ သာသနိကအဆောက်အအုံများနှင့် မိမိတို့ကိုးကွယ်ရာ ဆရာဒကာ ဘုန်းတော်ကြီးကျောင်းများတွင် ဌာနဆိုင်ရာများအနေဖြင့် သန့်ရှင်းရေးကုသိုလ် ဆောင်ရွက်ပေးသွားရန်နှင့် အဆိုပါကိစ္စရပ်အား စနစ်တကျဖွဲ့စည်းတာဝန်ပေးအပ် ဆောင်ရွက်သွားရန်နှင့် မှတ်တမ်းဓာတ်ပုံများနှင့် အပတ်စဉ်တင်ပြသွားရန် ညွှန်ကြားထားရှိပြီးဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ 


ထို့ကြောင့် ၎င်းကိစ္စရပ်အား ဆောင်ရွက်ရန်အတွက် ဌာနဆိုင်ရာများအား နေ့ရက်/နေရာအလိုက် စုဖွဲ့တာဝန်ပေးအပ်၍ ဓာတ်ပုံမှတ်တမ်းများနှင့် အပတ်စဉ်တင်ပြသွားရန် ထပ်ဆင့်မှာကြားခဲ့ပြီး ယခုလ(၆)ရက်နေ့က မအီမြို့သို့ ရောက်ရှိခဲ့သည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးထိန်လင်းမှ ပေးအပ်ခဲ့သည့် လက်ဆောင်ပစ္စည်းများအား အစည်းအဝေးတက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများသို့ မြို့အုပ်ချုပ်ရေးမှူးက ထပ်ဆင့်ပေးအပ်ခဲ့ကြောင်း သိရသည်


မောင်မောင်ဌေး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)