သဲကုန်းမြို့ သီတဂူတပ်အလယ်ကျောင်းတွင် ၂၀၂၂/၂၀၂၃ ပညာသင်နှစ် စာအောင်သံဃာများအားဂုဏ်ပြုဆုနှင်းသဘင်နှင့် စုပေါင်းဝါဆိုသင်္ကန်းဆပ်ကပ်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဲကုန်းမြို့ သီတဂူတပ်အလယ်ကျောင်းတွင် ၂၀၂၂/၂၀၂၃ ပညာသင်နှစ် စာအောင်သံဃာများအားဂုဏ်ပြုဆုနှင်းသဘင်နှင့် စုပေါင်းဝါဆိုသင်္ကန်းဆပ်ကပ်ပွဲ အခမ်းအနားကျင်းပ




MNP ၊ သြဂုတ် ၁၆

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် သဲကုန်းမြို့သီတဂူတပ်အလယ်ကျောင်းတွင် ၂၀၂၂/၂၀၂၃ ပညာသင်နှစ် စာအောင်သံဃာများအားဂုဏ်ပြုဆုနှင်းသဘင်နှင့် စုပေါင်းဝါဆိုသင်္ကန်းဆပ်ကပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါကျောင်းရှိ သီတဂူသဒ္ဓမ္မဇောတိကကျောင်းဆောင် တွင်ကျင်းပပြုလုပ်ခဲ့သည်။

 ရှေးဦးစွာ  နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် သီတဂူတပ်အလယ်ကျောင်း ပဓာနနာယကဆရာတော် ဦးနန္ဒမာလာထံမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ နှင့် ဌာနဆိုင်ရာများ ၊ဧည့်ပရိတ်သတ်များက (၉)ပါးသီလ ခံယူဆောက်တည်ကာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များမှ မေတ္တာသုတ် ပရိတ်တရားတော်များ ချီးမြှင့်ပေးခဲ့သည်။ ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးယဉ်ထွေးက သာသနာတော်ဆိုင်ရာများ လျှောက်ထားတင်ပြသည်။

ဆက်လက်၍၂၀၂၂/၂၀၂၃ ပညာစာသင်နှစ်တွင်ဖြေဆိုအောင်မြင်ခဲ့သော အခြေပြုမူလတန်းအောင်ရှင်သာမဏေများ၊ ပထမငယ်တန်းအောင်သံဃာတော် (၂) ပါး၊ ဓမ္မစရိယတန်းအောင် သံဃာတော် (၂) ပါးနှင့် သင်ကြားရေးဆရာတော် (၅)ပါးတို့အား ဂုဏ်ပြုဆုငွေများပူဇော်ဆက်ကပ်၍ နာယကဆရာတော် နှင့် သံဃာတော်(၇၀)ပါးတို့အား ဝါဆိုသင်္ကန်းစသည့်လှူဖွယ်ဝတ္ထုပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ နှင့်ဌာနဆိုင်ရာများ ၊ ဧည့်ပရိတ်သတ်များက ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက်သီတဂူတပ်အလယ်ကျောင်း ပဓာနနာယကဆရာတော် ဦးနန္ဒမာလာ ထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှအတမ်းပေးဝေးကာ သီတဂူအဓိဌာန် သုံးကြိမ်ရွတ်ဆိုဆုတောင်းပြီး အခမ်းအနားကိုရုပ်သိမ်း၍ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။


ကိုကျော် 

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)