မင်းပြားမြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လေးမြို့မြစ်ရေမြင့်တက်ကာ ကျေးရွာအချို့ ရေဝင်ရောက်လျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်းပြားမြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လေးမြို့မြစ်ရေမြင့်တက်ကာ ကျေးရွာအချို့ ရေဝင်ရောက်လျက်ရှိ





MNP ၊  ဩဂုတ်  ၇

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လေးမြို့မြစ်ရေဆက်လက်မြင့်တက်လျက်ရှိပြီး ရပ်ကွက်၊ ကျေးရွာအချို့တွင် ရေများဝင်ရောက်လျက်ရှိသည်။


မင်းပြားမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးများအဆက်မပြတ် ရွာသွန်းလျက်ရှိပြီး တောင်ကျရေများစီးဆင်းရာမှ လေးမြို့မြစ်ရေမြင့်တက်ကာ မြစ်ဘေးဝဲ/ယာတစ်လျှောက်ရှိ မြေနိမ့်ပိုင်းကျေးရွာများဖြစ်ကြသော ထိန်ပင်၊ ပြင်ယောင်း၊ သတိုး၊ မင်းဇီ၊ မင်းဖူး၊ ကုလားမတောင်၊အိုး ပျဥ်တောင်၊ ဒုံကြီး၊ တပ်ရာ၊ ဖုံသာဝ၊ ငန်းတက်၊ မင်းကူးလမ်းအုပ်စုများရှိ ကျေးရွာအချို့နှင့် လယ်မြေများတွင် တောင်ကျ ရေများဝင်ရောက်လျက်ရှိပြီး အဆိုပါကျေးရွာများရှိ ပြည်သူများမှာ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံနှင့် နီးစပ်ရာ ဆွေမျိုးနေအိမ်များသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း၊  ဒေသများအလိုက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများကို ပြင်ဆင်ဆောင်ရွက်လျက်ရှိ​ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။


သောင်းရွှေ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)