နစကအစိုးရလက်ထက်တွင် ပြည်ပချေးငွေ ရယူခြင်းမရှိကြောင်း စီမံ/ဘဏ္ဍာ ဒုဝန်ကြီး ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နစကအစိုးရလက်ထက်တွင် ပြည်ပချေးငွေ ရယူခြင်းမရှိကြောင်း စီမံ/ဘဏ္ဍာ ဒုဝန်ကြီး ပြောကြား


(ဒေါ်လာဈေး ကမောက်ကမဖြစ်အောင် လုပ်နေတဲ့ ဝိသမလောဘသားများကို ဘယ်လိုလုပ်မလဲ)

MNP ၊ သြဂုတ် ၂၃

ပြန်ကြားရေးဝန်ကြီးဌာနမှာ ကျင်းပသွားခဲ့တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ (၂၂)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမောင်မောင်ဝင်း က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်မှာ ပြည်ပချေးငွေ ရယူသုံးစွဲခြင်းမရှိကြောင်း ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။

ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက "နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတာဝန်ယူပြီးတဲ့နောက်ပိုင်း ပြည်ပချေးငွေရယူခဲ့မှု ကျွန်တော်တို့ မရှိပါဘူး။ ပြည်ပထောက်ပံ့ငွေ ရရှိခဲ့မှု အနည်းအကျဉ်းတော့ ကျွန်တော်တို့ ရှိပါတယ်။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ ဘဏ္ဍာရေးမူဝါဒများမှာ ဖော်ပြပါရှိတဲ့အတိုင်း အခွန်အကောက်ဆိုင်ရာမူဝါဒနဲ့ အသုံးစရိတ်မူဝါဒများကို သက်ဆိုင်ရာ ဌာနများနဲ့ မျက်ခြေမပြတ်ထိန်းညှိပြီးတော့ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အခက်အခဲများ၊ စိန်ခေါ်မှုများ ရှိသော်လည်းပဲ နိုင်ငံတော်အတွက် ရငွေများ တိုးတက်ရရှိအောင် ကြိုးပမ်း ဆောင်ရွက်ခြင်းနဲ့ အသုံးစရိတ်များကို စနစ်တကျနဲ့ အလေအလွင့်မရှိအောင် စိစစ်သုံးစွဲခြင်းတို့ကို အလေးထားပြီးတော့ ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ အတွက်ကြောင့် ကျွန်တော်တို့ ဘက်ဂျက်လိုငွေများပြားနေမှု အခြေအနေကို သက်သာစေအောင် ကျွန်တော်တို့ ဆောင်ရွက်နိုင်ခဲ့ပါတယ်" ဟု ရှင်းလင်းပြောကြားသွားပါတယ်။

(၂၂)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာတော့ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များကို အဓိကထား ရှင်းလင်းပြောကြားခဲ့တာဖြစ်ပြီး ငွေကြေးဈေးကွက်မတည်ငြိမ်မှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေဟာ အမြီးကျက်အမြီးစား၊ ခေါင်းကျက်ခေါင်းစား လုပ်နေတဲ့ ဝိသမလောဘသားတွေရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ အကျယ်တဝင့်ပြောကြားသွားခဲ့ကြပါတယ်။

သတင်းမီဒီယတစ်ခုရဲ့ မေးမြန်းမှုကို ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း က "ပြည်သူလူထုကို နားလည်အောင် ပြောရင် ဝိသမလောဘဆိုပြီး ကျွန်တော်တို့ ပြောကြတယ်။  ဒုဝန်ကြီးတွေ ဆွေးနွေးတဲ့အခါမှာ အမြဲတမ်းအတွင်းဝန်တွေ ဆွေးနွေးတဲ့အခါမှာ ပြောတယ်။ အသံက ဘာထွက်လာအုံးမတုံး ဆိုတော့ ကျွန်တော်တို့ မပြောရင် ဘာသံထွက်လာအုံးမတုံးဆိုတော့ အစိုးရက သာမန်ရိုးသားတဲ့ ကုန်သယ်တွေကို ဝိသမလောဘသားဟု စွပ်စွဲတယ်ဆိုပြီး ခေါင်းစဉ်တပ်လာအုံးမယ်။ ခင်ဗျားတို့ စဉ်းစားကြည့်။ ၂၉၂၂ ကျပ်နဲ့ ရောင်းပေးတဲ့ဈေး၊ အစိုးရက ၁၉၀၀ နဲ့ ဝယ်တယ်။ ၂၉၂၂ ကျပ်နဲ့ ရောင်းပေးတယ်။ ၂ကျပ်ပဲ ကွာတယ်။ ဘဏ်လုပ်ငန်းဆောင်တာ ဆောင်ရွက်တဲ့လုပ်ငန်းအတွက်ပဲ ကွာတယ်။ သို့သော် အပြင်မှာ သူတို့က ဘယ်ဈေးနဲ့ ညှိပြီးရောင်းတုန်းဆိုတော့ ဒီဟာတွေကို ညှိပြီးရောင်းနေတဲ့ ဈေးတွေသည် အခုလက်ရှိ ပြင်မမှာ ဖြစ်နေတဲ့ ဒေါ်လာပေါက်ဈေး ၃၅၀၀ကျော် ပေါက်ဈေးနဲ့ပဲ အနည်းဆုံးညှိပြီး ရောင်းနေတာ တွေ့ရတယ်။ အဲဒီလို လူတွေကိုမှ ဝိသမလောဘလို့ မခေါ်ရင် ကျွန်တော်တို့ ဘယ်ဟာကို ခေါ်မလဲ။ အစိုးရအနေနဲ့ စွပ်စွဲနေတာ မဟုတ်ဘူး။ အထောက်အထားနဲ့ ကျွန်တော် ပြနေခြင်းဖြစ်တယ်။ ဒါကြောင့်မို့လို့ ဒီကိစ္စနဲ့ ပတ်သက်ရင်တော့ ကျွန်တော်တို့ ထိုက်သင့်တဲ့ ဆောင်ရွက်မှုမျိုးတွေ ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်ရပါလိမ့်မယ်" ဟု ထည့်သွင်း ဖြေကြားသွားပါတယ်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)