ပြန်ကြား‌ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း နေပြည်တော်၊ အ.ထ.က (၁၁) တွင်ကျင်းပပြုလုပ်သည့် ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်အသိပညာပေးဟောပြောပွဲ အခမ်းအနား တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြန်ကြား‌ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း နေပြည်တော်၊ အ.ထ.က (၁၁) တွင်ကျင်းပပြုလုပ်သည့် ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်အသိပညာပေးဟောပြောပွဲ အခမ်းအနား တက်ရောက်








MNP ၊ ဩဂုတ် ၃၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက ဗလငါးတန်ဖွံ့ဖိုးရေး လူငယ်အသိပညာပေးဟောပြောပွဲကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ဦးဇင်မင်းထက်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။


ရှေးဦးစွာ အခမ်းအနားတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ အေရိုးဗစ် အားကစားနှင့် ဂျွမ်းဘားသရုပ်ပြကစားခြင်း၊ ဟာသအနုပညာရှင်များဖြစ်သည့် ဒိန်းဒေါင်၊ စိစိနှင့် ချစ်စုတို့က ပဏာမဖျော်ဖြေတင်ဆက်ကြပြီး အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူကလေးများက ပြည်မြန်မာသီချင်းဖြင့် သီဆိုဖွင့်လှစ်ကြသည်။


ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အမှာစကား ပြောကြားပြီး စာရေးဆရာမ မေကျော့ရှင်းက ဗလငါးတန်ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောသည်။


ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက စာအုပ်စာစောင်များနှင့် အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ကျောင်းဝင်းအတွင်း အားကစား ပြိုင်ပွဲများ၊ ဉာဏ်စမ်းပြိုင်ပွဲများတွင် ကျောင်းသား၊ ကျောင်းသူကလေးများ ပျော်ရွှင်စွာ ပါဝင်ဆော့ကစားနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။


ဇော်ဖြိုးအောင်

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)