MNP ၊ ဩဂုတ် ၁၈
၂၀၂၃ခုနှစ် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆိုအက အရေးအတီးပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီးမှ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြိုင်ပွဲကျင်းပရေးကော်မတီမှ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သင်္ဃန်းကျွန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နေ့လယ် (၁)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထူးလွင်က ၂၀၂၃ခုနှစ် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆိုအကအရေးအတီးပြိုင်ပွဲကို သင်္ဃန်းကျွန်ခရိုင်၊ ဗိုလ်တထောင်ခရိုင်၊ ဒဂုံမြို့သစ်ခရိုင်များအတွင်းရှိ တိမ်မြှပ်နေတဲ့ ဝါသနာရှင် ရွက်ပုံးသီးများ ပေါ်ထွက်လာစေရေးဆောင်ရွက်သွားကြရန်၊ ပြိုင်ပွဲဝင်များ မိမိပါဝင်ယှဉ်ပြိုင်မည့် ခေါင်စဉ်များကို ကြိုတင်ပြင်ဆင်ထားကြရန်၊ ပြိုင်ပွဲတွင် ယခင်နှစ်များက အောင်မြင်မှုများရရှိသကဲ့သို့ ယခုနှစ်တွင်လည်း ယခင်နှစ်ထက် အောင်မြင်မှုများပိုမိုရရှိအောင် ကြိုးစားဆောင်ရွက်သွားကြရန် စသည်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် သဘင်နှင့်ဂီတဌာန ပါမောက္ခများမှ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင်ပါဝင်ယဉ်ပြိုင်မည့် ပြိုင်ပွဲအဆင့်များ၊ ဘာသာရပ်များ၊ အဆိုပြိုင်ပွဲများ၊ အကပြိုင်ပွဲများ၊ အတီးပြိုင်ပွဲများ၊ မဟာဂီတယှဉ်ပြိုင်ရန် သတ်မှတ်သည့်သီချင်းများ စသည်တို့ကိုဆွေးနွေး ရှင်းလင်းခဲ့သည်။
ထိုနောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ၂၀၂၃ခုနှစ်(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆိုအကအရေးအတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပူးပေါင်းပါဝင်ဆွေးနွေး ခဲ့ကြကြောင်း သိရှိရပါသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment