MNP ၊ ဩဂုတ် ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြု ဗဟိုဌာန ( Community Centr) ခန်းမတွင်ယနေ့နံနက်ပိုင်းကပန်းချီပြိုင်ပွဲ၊ပုံပြောပြိုင်ပွဲနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ကေျာင်းသား/သူများအား အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊အသိပညာဗဟုသုတတိုးပွားစေရန်၊ဉာဏ်ရည်ဉာဏ်သွေးထက်မြက်ပြီး တီထွင်ဖန်တီးနိုင်စွမ်းရှိစေရန် ရည်ရွယ်၍ဖြစ်ကြောင်း ပန်းချီ ပြိုင်ပွဲနှင့်ပုံပြောပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက် နှင့်ပြိုင်ပွဲစည်းမျဥ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်ပန်းချီ ပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲများကိုကျင်းပရာ ဆုရကျောင်းသား/ ကျောင်းသူ လေးများကိုဆုများအသီးသီးချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ငြိမ်းငြိမ်းသန့်က ကျောင်းသား/ကျောင်းသူများအား လူကုန်ကူးမှုတားဆီးရေး၊မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးနှင့်ကလေးအလုပ်သမားပပျောက်ရေးအသိပညာများအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ပြီးလူကုန်ကူးမှုတိုက်ဖျက်ရေးအသိပညာပေး နံရံကပ်စာစောင်၊မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်၊လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်နှင့်ကလေးအလုပ်သမားပပျောက်ရေးအသိပညာနံရံကပ်စာစောင်များအား ရှင်းလင်းပြသပေးခဲ့ကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment