တာမွေမြို့နယ်တွင် ယာဉ်လမ်းအန္တရာယ်ကင်းဝေးစေရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

တာမွေမြို့နယ်တွင် ယာဉ်လမ်းအန္တရာယ်ကင်းဝေးစေရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်






MNP ၊  ဩဂုတ်  ၁၈

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်း ဖြတ်သန်းမောင်းနှင်နေကြသော ကိုယ်ပိုင် ယာဉ်များ၊ အငှားယာဉ်များ၊ ကုန်တင်ယာဉ်များနှင့် ခရီးသည်တင်ယာဉ်များ စသည့်ယာဉ်လုပ်သားကြီးများအနေဖြင့် ယာဉ်မတော်မဆမှု ဖြစ်ပွားခြင်းမှ ကင်းဝေးပြီး ယာဉ်လမ်းအန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်စေရန်နှင့် ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး တိတိကျကျ လိုက်နာဆောင်ရွက်နိုင်ကြစေရန် အတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့တို့ ပူးပေါင်း၍ တာမွေမြို့နယ်ရှိ လေးထောင့်ကန်လမ်း၌ မြို့နယ်အတွင်း ယာဉ်လမ်းအန္တရာယ် ကင်းဝေးစေရေးအတွက် အသိပညာ ပေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။


ထိုကဲ့သို့ တာမွေမြို့နယ်အတွင်း ယာဉ်လမ်းအန္တရာယ်ကင်းဝေးစေရေးအတွက် အသိပညာပေးခြင်း လုပ်ငန်း များ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာတာဝန်ရှိသူများက ယာဉ်လုပ်သားကြီးများအား အရက်သေစာသောက်စား မောင်းနှင်ခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။ ထို့အပြင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက် များ၊ ယာဉ်လမ်းအန္တရာယ်ဆိုင်ရာ သတိပေးလမ်းညွှန်များ၊ အမိန့်ပေးခြင်း လမ်းညွှန်များ၊ တားမြစ်ခြင်းနှင့် ကန့်သတ် ခြင်းလမ်းညွှန်များ၊ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်၍ အရေးယူ ဆောင်ရွက်နိုင်သည့် ဥပဒေများကိုလည်း အကျယ်တဝင့် အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှု ကော် မတီကို ဖွဲ့စည်းပြီး  တိုင်းဒေသကြီးအတွင်း ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ တာမွေမြို့နယ် အပါအဝင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ ယခင်နှစ်များ ထက် သိသိသာသာ ယာဉ်တိုက်မှုများ လျော့နည်းကျဆင်းလာခဲ့ကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)