မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူများအား ဓါတ်မြေသြဇာ ထောက်ပံ့ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူများအား ဓါတ်မြေသြဇာ ထောက်ပံ့ပေး



MNP ၊ သြဂုတ် ၁၉

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ နံနက်(၇)နာရီက ကလောခရိုင် ညောင်ရွှေမြို့နယ်၊ တိလောကျေးရွာအုပ်စု ကျော့မောင်ငယ်ကျေးရွာရှိ (IPM) စံပြကွက် စိုက်ပျိုးထားရှိမှုကို ကြည့်ရှုပြီး ရှင်းလင်းဆောင်ခန်းမတွင် သက်တမ်း (၁၃၅)ရက်ရှိသော စပါးမျိုးကို နမူနာပြု၍ မြေသြဇာထည့်သွင်း ပြသမှုဇယားအား ညောင်ရွှေမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိမှ တောင်သူများအား ရှင်းလင်း၍ မိုးစပါးပန်းတိုင်းအထွက်နှုန်းရရှိရေး (၇၂)ဧကအတွက် တောင်သူ(၂၀)ဦးအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှုူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများက ဓါတ်မြေသြဇာ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် ညောင်ရွှေမြို့နယ် မိုင်းသောက်အခြေခံပညာအထက်တန်းကျောင်း၌ ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများကို သွားရောက်ကြည့်ရှု အားပေးစကားပြောကြား၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ကျောင်းဖွံ့ဖြိုးရေးအတွက် ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများမှ လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နိုင်ငံတော်ဩဝါဒစရိယာ အဘိဓဇမဟာရဌဂုရု မိုင်းသောက်ပထမစာသင်တိုက် ပဓနနာယက ဆရာတော် ဘဒ္ဒန္တသုမင်္ဂလာဘိဝံသအား ဖူးမျှော်ကန်တော့၍ အင်းလေးဒေသ ဖောင်တော်ဦး မြတ်စွာဘုရား ဒေသစာရီ ကြွချီအပူဇော်ခံမည့်ကိစ္စနှင့်ပတ်သက်၍ လျှောက်ထားပြီး  လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အင်းလေးရေလယ် ဗိုလ်တဲသို့ သွားရောက်ပြီး အင်းလေးဖောင်တော်ဦး မြတ်စွာဘုရား ဒေသစာရီကြွချီ အပူဇော်ခံမည့် အစီအစဉ်နှင့် ပတ်သက်၍ ညောင်ရွှေမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦး ရှင်းလင်း၍လည်းကောင်း၊ ရေလယ်ဗိုလ်တဲအား အနားယူအပန်းဖြေစခန်းအပြင် ပြောင်းလဲအသုံးပြုနိုင်ရန် အဆိုပြုပုံစံနှင့်ပတ်သက်၍ ညောင်ရွှေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းမှ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြာခဲ့ပြီး ဖောင်တော်ဦးမြတ်စွာဘုရားအား သွားရောက် ဖူးမျှော်ကြည်ညို၍ ဆွမ်း၊ ရေချမ်း၊ ရွှေသင်္ကန်းများ ဆက်ကပ်ကြ၍ စိန်နှင့်မြကျောင်းဆောင်တွင် ဆရာတော်၊ သံဃာတောကြီးများအား သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်၍ နေ့ဆွမ်းဆက်ကပ်ပေးကြကြောင်း သိရသည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဆည်ခေါင်းကျေးရွာတွင် MSME အသေးစား၊ အလတ်စား၊ အငယ်စားလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ပန်းပဲလုပ်ငန်းသုံး လေးသံများအား ခွဲဝေချထားပေးသည့် အခမ်းအနားတက်ရောက်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ပန်းပဲလုပ်ငန်းများကို လာရောက်ကြည့်ရှုပါကြောင်း၊ ခရီးသွားလာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဖေါင်တော်ဦးဘုရားပွဲတော်နှင့် တန်ဆောင်တိုင်ပွဲတော်များ ကျင်းပပေးသွားမည်ဖြစ်ကြောင်း၊ ခရီးသွားလာရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိမှာဖြစ်ကြောင်း၊ ပန်းပဲဆရာများကလည်း မိမိတို့လုပ်ငန်းနှင့် ပတ်သက်၍ လိုအပ်ချက်များ တင်ပြကြရန် ပြောကြားသည်။

ယင်းနောက် ဒေသခံပန်းပဲဆရာများက လုပ်ငန်းနှင့်ပတ်သက်၍ လိုအပ်ချက်များ တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ပြောကြား၍ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ပန်းပဲလုပ်ငန်းသုံး လေးသံများ ပေးအပ်ရာ ပန်းပဲဆရာများမှ လက်ခံရယူကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆည်ခေါင်းကျေးရှိ ပန်းပဲဖိုများတွင် လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုကြသည်။ အဆိုပါ ဆည်ခေါင်းကျေးရွာတွင် ပန်းပဲဖိုလုပ်ငန်း (၁၆၉)အိမ် ပန်းပဲလုပ်ငန်း လုပ်ကိုင်ကြပြီး ပန်းပဲဖိုမှ အိမ်သုံးပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ လက်သမားသုံးပစ္စည်းများ၊ စိုက်ပျိုးရေးသုံးပစ္စည်းများ ထုတ်လုပ်ရောင်းချ ကြကြောင်း သိရှိရသည်။


မောင်မောင်သန်း(တောင်ကြီး)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)