MNP ၊ သြဂုတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မင်္ဂလာဒုံခရိုင်၊ လှည်းကူးခရိုင်၊ မရမ်းကုန်းခရိုင်၊ အလုံခရိုင် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက် ၁၁ နာရီ အချိန်က မင်္ဂလာဒုံမြို့နယ် တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀) ၌ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး တက်ရောက်ခဲ့ပါသည်။
အဆိုပါ သွေးလှူဒါန်းပွဲ၌ (၄) ခရိုင်မှ ပြည်ခိုင်ဖြိုးပါတီဝင် သွေးအလှူရှင် (၆၃)ဦးတို့၏ သွေးလှူဒါန်းနေမှုအား တိုင်းပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် တပ်မှူး ဗိုလ်မှူးချုပ် ကျော်ဇင်ညွှန့်တို့မှ လိုက်လံကြည့်ရှု့ အားပေးစကားများ ပြောကြားခဲ့၍ သွေးအလှူရှင်များအား အဟာရနှင့် ဆေးဝါးများအား ပေးအပ်လှူဒါန်းခဲ့ကြပါသည်။
ထို့နောက် တပ်မှူးမှ မှတ်တမ်းတင်ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်ခဲ့ပြီး တိုင်းဥက္ကဋ္ဌ ဦးခင်မောင်စိုးမှ လက်ခံရယူခဲ့ပါသည်။
သွေးလှူဒါန်းပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် တိုင်းကော်မတီဝင်များ တပ်မှူး ဗိုလ်မှူးချုပ် ကျော်ဇင်ညွှန့်နှင့် တပ်မတော်အရာရှိများ မင်္ဂလာဒုံခရိုင်ပါတီဥက္ကဋ္ဌ ဦးမျိုးမင်းနိုင် အင်းစိန်ခရိုင်ပါတီဥက္ကဋ္ဌ ဦးမင်းသူထွန်း လှည်းကူးခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်မျိုးနိုင် အလုံခရိုင်ပါတီဥက္ကဋ္ဌ ဦးဇော်မင်းဦးနှင့် ခရိုင်ကော်မတီဝင်များ မြို့နယ်ဥက္ကဌများ စေတနာရှင် သွေးလှူရှင်များ (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
Photo - USDP
#MyanmarNationalPost






No comments:
Post a Comment