MNP ၊ သြဂုတ် ၁၉
မြိုင်မြို့တွင်း လုံခြုံရေး တာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့များရှိရာသို့ ယနေ့ ညနေ ၃ နာရီခွဲခန့်တွင် ပျံသန်းကာ Drop Bomb ဖြုတ်ချ တိုက်ခိုက်လာသည့် Drone ၁ စီးအား လုံခြုံရေးတပ်ဖွဲ့များက ပစ်ချရာ ဒလက် လေးခုပါ Lavado တံဆိပ် Drone ၁ စီးအား ရရှိခဲ့ကြောင်း သိရသည်။
ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့သည် ၎င်းတို့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများထံ ပြည်ပနိုင်ငံများမှ ရရှိသောအထောက်အပံ့များ ဒရုန်းများ ဝယ်ယူပေးလျက်ရှိပြီး ဒရုန်းအသုံးပြု၍ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းများကို ပစ်ခတ်တိုက်ခိုက်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကို Drop Bomb ပစ်ချတိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။
#MyanmarNationalPost
No comments:
Post a Comment