ရခိုင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၂/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၂/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ



MNP ၊ ဩဂုတ် ၁၉

ရခိုင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ (၂/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင် ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများ၊ လုပ်ငန်းကော်မတီဝင်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

အစည်းအဝေးတွင် ရခိုင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းက နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်ရာတွင် ခရီးသွားလုပ်ငန်းသည် အရေးပါသည့် စီးပွားရေးမဏ္ဍိုင်တစ်ရပ်ဖြစ်သည့်အတွက် ယခုအချိန်မှာ ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးလာရန်အတွက် နည်းလမ်းများရှာကြံ ဆောင်ရွက်ရမည့် အချိန်ကာလလည်းဖြစ်ကြောင်း၊ လာမည့်ခရီးသွားရာသီဖြစ်သည့် စက်တင်ဘာလ ဆန်းမှစတင်ပြီး မြန်မာနှင့်ရုရှား အသွားအပြန်ခရီးစဉ်အဖြစ် ရန်ကုန် - မန္တလေး - နိုဗိုစီဗစ်ခရီးစဉ်ကို တစ်ပတ်လျင်နှစ်ကြိမ် MAI (Myanmar Airways International) လေကြောင်းမှ ပျံသန်းရန်စီစဉ်ထားပြီး ဖြစ်သည့်အတွက်ကြောင့် ကြိုတင်ပြင်ဆင်ထားကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ပြင် ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးတိုးတက်အောင် ပြည်တွင်းခရီးသွားလုပ်ငန်းကို အခြေခံကာ ဆောင်ရွက်သွားရမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန် ခရီးသွားလုပ်ငန်းနှင့်သက်ဆိုင်သည့် တစ်နှစ်တာလှုပ်ရှားမှု ပြက္ခဒိန် (Tourism Event Calender) တစ်ရပ်ရေးဆွဲနိုင်ရန် ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာနက ဆောင်ရွက်နေခြင်းအပေါ် မိမိတို့ကော်မတီအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုမိုးရာသီဖြစ်သည့်အတွက် ကမ်းခြေရှိဟိုတယ်အချို့ လုပ်ငန်းရပ်နားထားပြီး လာမည့်ခရီးသွားရာသီအတွက် ကြိုတင်ပြင်ဆင်နေသည့် ကာလ၌ ခရီးသွားလုပ်ငန်းတွင် ပါဝင်နေကြသည့် ဝန်ဆောင်မှုပေးသူများကို လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်းများ၊ လုပ်ငန်းခွင့် မွမ်းမံသင်တန်းများနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာဟောပြောပွဲများ ဆောင်ရွက်ပေးခြင်းဖြင့် ခရီးသွားလုပ် ငန်းဖွံ့ဖြိုးရေးအတွက် အချိန်ကိုတန်ဖိုးရှိစွာအသုံးချသင့်ကြောင်း၊ ဟိုတယ်များတွင်လည်း မိမိတို့ ဟိုတယ်၊ မိမိတို့လုပ်ငန်းခွင်အတွင်းမှာ လုပ်ငန်းခွင်ဆိုင်ရာ မွမ်းမံ၊ မြှင့်တင်ရေး၊ လေ့ကျင့်ရေးသင်တန်း များ၊ဆွေးနွေးပွဲများကို ဟိုတယ်အလိုက်၊ လုပ်ငန်းအလိုက် စုဖွဲ့ဆောင်ရွက်ကြရန် တိုက်တွန်းဆောင်ရွက် သွားကြစေလိုကြောင်းနှင့် ခရီးသွားလုပ်ငန်းကို စုပေါင်းဖော်ဆောင်နိုင်မှသာ နိုင်ငံတော်၏စီးပွားရေး ဦးတည်ချက်များကို အကျိုးပြုနိုင်မည် ဖြစ်သည့်အတွက် လာမည့်ခရီးသွားရာသီမှစ၍ ပြန်လည်ဖွံ့ဖြိုးစ ပြုလာသည့် ပြည်တွင်းခရီးသွားများမှစကာ စနစ်တကျကောင်းမွန်ပြည့်စုံသော ဝန်ဆောင်မှုများနှင့် လုပ်ငန်းခွင်ဝင်ရောက်နိုင်ရန် အစိုးရဌာနများ၊ အဖွဲ့အစည်းများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိက ကဏ္ဍများက ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်ပြောကြားသည်။


ဆက်လက်၍ ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်စီးပွား ရေးရာဝန်ကြီး ဦးစံရွှေမောင်က ပြည်နယ်၏ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင် ရွက်မည့်အစီအမံများကို ရှင်းလင်းပြောကြားပြီး လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ဟိုတယ်နှင့်ခရီး သွားလာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက သက်ဆိုင်ရာဝန်ဆောင်မှုကဏ္ဍအလိုက် လုပ်ငန်းလိုင်စင် လျှောက်ထားခြင်းဆိုင်ရာ အမှာစာများကိုရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးများနှင့် ကော်မတီအဖွဲ့ဝင်များက ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍ စနစ်တကျဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်နိုင် ရေးအတွက် အကြံပြုဆွေးနွေး တင်ပြကြသည်။


တင်ပြချက်များအပေါ် ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရသည်။


တင်ထွန်း

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)