တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို သင်ကြားရေးအထောက်အကူပြု တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ (၂/၂၀၂၃) ကြိုဆိုပွဲ အခမ်းအနားသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို သင်ကြားရေးအထောက်အကူပြု တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ (၂/၂၀၂၃) ကြိုဆိုပွဲ အခမ်းအနားသို့တက်ရောက်


MNP ၊ ဩဂုတ် ၁၉

သင်ကြားရေးအထောက်အကူပြု တိုင်းရင်းသားဘာသာ စာပေသင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့်အထောက် အကူပြုဆွေးနွေးပွဲ (၂/၂၀၂၃) ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်ပညာရေးဒီဂရီကောလိပ်၊ တိက္ခပညာခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက မြန်မာနိုင်ငံအစိုးရသည် ကွဲပြားစုံလင်သော တိုင်းရင်းသားလူမျိုးစုများ၏ အထင်ကရနေရာများ၊ ယဉ်ကျေးမှုများနှင့် ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ သုတေသနပြုရန်၊ မူဝါဒများချမှတ်ရန် ကတိကဝတ်ပြုထားကြောင်း၊ နိုင်ငံတွင်းရှိတိုင်းရင်းသား လူမျိုးစုများ၏ ယဉ်ကျေးမှုများ၊ ဓလေ့ထုံးတမ်းများကို တန်ဘိုးထားခြင်းဖြင့် အသိအမှတ်ပြုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်သင်ကြားရေး အထောက်အကူပြုနှင့် တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများ ခန့်အပ်တာဝန်ပေးခြင်းမှာ တိုင်းရင်းသား စာပေ၊ ယဉ်ကျေးမှုနှင့်ဘာသာကို ထိန်းသိမ်းဆောင်ရွက်ကြရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တိုင်းရင်းသား ဘာသာစကား(၇၂)မျိုးဖြင့် သင်ကြားပေးလျက်ရှိကြောင်း၊ ၂၀၂၂-၂၀၂၃ပညာသင်နှစ်အထိ သင်ကြားရေးအထောက်အကူပြု (Teaching Assistance (TA)) နှင့် တိုင်းရင်းသားဘာသာ စာပေသင် (Language Teacher(LT)) ဆရာ၊ ဆရာမ စုစုပေါင်း (၁၅၀၉၃) ဦးခန့် ထားပေးပြီးဖြစ်ကြောင်း၊ သင်ကြားရေးထောက်အကူပြုနှင့် တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့်လုပ်ငန်းဆွေးနွေးပွဲ ကျင်းပပေးခြင်းအားဖြင့် တိုင်းရင်းသားဘာသာစာပေ သင်ဆရာ၊ ဆရာမများသည် မိမိပတ်ဝန်းကျင်တွင် အကောင်းမြင် သဘောထားများဖြင့် အများနှင့်အတူတကွ နေထိုင်ကြရသည့်အခါ၊ ကိုယ်ကျင့်တရားကောင်းမွန်ပြီး နိုင်ငံကြီးသားပီသလာခြင်း၊ မိမိတို့၏ ရိုးရာယဉ်ကျေးမှုကို တန်ဖိုးထား ထိန်းသိမ်းတတ်လာခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေနိုင်သော အပြုအမူများနှင့် အကျိုးဆက်များကိုသိရှိ နားလည်ခြင်းဖြင့် မိမိပတ်ဝန်းကျင်ကိုထိန်းသိမ်းစောင့်ရှောက်တတ်ခြင်း၊ ဘေးအန္တရာယ်မဖြစ်မီ၊ ဖြစ်နေစဉ်၊ ဖြစ်ပြီးအချိန် ကာလများတွင် သင့်လျော်စွာ နေထိုင်တတ်ခြင်း၊ ကျန်းမာစွာ နေထိုင်တတ်သော အလေ့အကျင့်ကောင်းများ ရရှိလာ ပြီးကျန်းမာသန်စွမ်းသော လူတော်လူကောင်းများ ဖြစ်လာနိုင်မှာဖြစ်ကြောင်း၊ ဆွေးနွေးပွဲကာလအတွင်း ဆရာမများအနေဖြင့် တိုင်းရင်းသားဘာသာ စာပေသင် ဆရာ၊ ဘာသာရပ်များကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးစားသင်ယူကြ ရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ထားဝယ်ပညာရေးဒီဂရီကောလိပ်၊ ကျောင်းအုပ်ကြီးဒေါ်နီနီသန်းက သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တိုင်းရင်းသား/သူများက ရခိုင်တိုင်းရင်းသားအက၊ မွန်တိုင်းရင်းသားအက၊ တပင်တိုင်မင်းသားအက၊ ကရင်တိုင်းရင်းသားအကများ၏ ကပြဖျော်ဖြေ နေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။

ဆက်လက်၍   တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖျော်ဖြေရေးအဖွဲ့များအား ဆုငွေ(၄)သိန်းချီးမြှင့်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က  ဆရာ/မများနှင့် တိုင်းရင်းသားများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကာ သင်ကြားရေးအထောက် အကူပြုတိုင်းရင်းသားဘာသာ စာပေသင်ဆရာ၊ ဆရာမများအရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲကို ဩဂုတ် ၂၅ ရက်နေ့ အထိ သင်ကြားပို့ချ ဆွေးနွေးမည်ဖြစ်ကြောင်း သတင်းရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)