ဂွမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပစေရန် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေး စုပေါင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပစေရန် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေး စုပေါင်းဆောင်ရွက်





MNP ၊  ဩဂုတ်  ၁၉

 ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်၏ ကြီးကြပ်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာများက  မြို့သန့်ရှင်းသာယာလှပစေရေးနှင့်  ကျောင်းပတ်ဝန်း ကျင် သန့်ရှင်းစေရန် ယနေ့နံနက်(၇) နာရီအချိန်က  အ-ထ-ကကျောင်းဝန်းအတွင်းတွင် စုပေါင်းဆောင်ရွက်ခဲ့ကြသည်။


 ထိုသို့ စုပေါင်းသန့် ရှင်းရေး ဆောင်ရွက်ရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ နယ်မေခံတပ်ရင်းမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် ကျောင်းဝန်းအတွင်းရှိ သစ်ကိုင်း၊သစ်ခက်များကို ခုတ်ထွင်ရှင်းလင်းခြင်း၊ မြက်များ၊ အမှိုက်များကို အမှိုက်သိမ်းယာဥ်ဖြင့်  စနစ်တကျ စွန့်ပစ်ခြင်းများအား ဆောင်ရွက်ကြကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost






No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)