ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင်စိုက်ပျိုးရေးအသိပညာပေးမှုနှင့်စူပါဘိုကာရှီ သဘာဝဓာတ်မြေဩဇာပြုလုပ်သုံးစွဲနည်း သရုပ်ပြပွဲကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင်စိုက်ပျိုးရေးအသိပညာပေးမှုနှင့်စူပါဘိုကာရှီ သဘာဝဓာတ်မြေဩဇာပြုလုပ်သုံးစွဲနည်း သရုပ်ပြပွဲကျင်းပပြုလုပ်






MNP ၊  ဩဂုတ်  ၁၉

ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် စစ်တွေခရိုင်စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီးဌာန မှ မြေ /မျိုး/ပိုးမွှားတာဝန်ခံများနှင့်မြို့နယ် စိုက်/ကြပ်ကော်မတီဝင်များပူးပေါင်း၍မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  ယမန်နေ့နံနက်၉အချိန်တွင်ရသေ့တောင်မြို့နယ်ကျေးရွာ  ၁၉ ရွာမှ တောင်သူစုစုပေါင်း ၆၇ဦးအား မိုခါ မုန်တိုင်းသင့်ပြည်သူများအား ထောက်ပံ့မျိုးစပါးနှင့် စပ်လျဉ်း၍ ဆောင်ရန်  ရှောင်ရန်အချက်များ၊ စပါးမျိုးများ၏အရည်အသွေးလက္ခဏာများကိုဆွေးနွေးခဲ့ပြီး မြေအသုံးချတာဝန်ခံမှလည်း စျေးနှုန်းကြီးပြီး အဟာရပါဝင်မှုနည်းပါးသည့် ကွန်ပေါင်းမြေဩဇာအစား ယူးရီးယားတီစူပါနှင်ပိုတက်ချ်ကိုစနှစ်တကျသုံးစွဲရန်နှင် စူပါဘိုကာရှိ  မြေသြဇာ သုံးစွဲနည်းအကြောင်းကိုလက်တွေပြသကာ သီးနှံကာကွယ်ရေးတာဝန်ခံမှလည်းထောက်ပံ့စပါးမျိုးများတွင်ကျရောက်တတ်သော ပိုးမွှားရောဂါများအကြောင်းကိုရှင်းလင်း‌ပြောကြားခဲ့သည်။


ဆက်လက်၍မြို့နယ်စိုက်/ကြပ်ကော်မတီအတွင်းရေးမှူး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးတင်ဝင်း‌‌မောင်မှလည်းမိုးစပါးတစ်ဧက အထွက်နှုန်းတိုးတက်ရေးတို့အတွက်ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်ထောက်ပံ့မျိုးများစစ်တမ်းကောက်ယူရမည်လုပ်ငန်းများအာရှင်းလင်းပြောကြားခဲ့ပြီးစူပါဘိုကာရှီ သဘာဝဓာတ် မြေဩ ဇာ ပြုလုပ်ပုံ အဆင့်ဆင့်အား လက်တွေ့သရုပ်ပြခြင်းကို တောင်သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်းသိရှိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)