ရသေ့တောင် မြို့ သန့်ရှင်းသာယာလှပစေရေးအတွက် ဌာဆိုင်ရာဝန်ထမ်းများနှင့်စုပေါင်းသန့် ရှင်းရေး ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင် မြို့ သန့်ရှင်းသာယာလှပစေရေးအတွက် ဌာဆိုင်ရာဝန်ထမ်းများနှင့်စုပေါင်းသန့် ရှင်းရေး ဆောင်ရွက်






MNP ၊  ဩဂုတ်  ၁၉

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ရသေ့တောင်မြို့၌ မြို့သန့်ရှင်းသာယာလှပစေရေးနှင့်ခြင်အန္တရာယ်ကင်းဝေးစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ရသေ့တောင်မြို ကမ်းနားလမ်းပတ်ဝန်းကျင်ရှိ အမှိုက်သရိုက်များ၊ခြုံနွယ်များနှင့်မြက်ပင်များအား စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက ပြုလုပ်ခဲ့သည်။


ထိုသို့မြို့ရွာသန့်ရှင်းသာယာလှပစေရေးအတွက် သန့်ရှင်းရေးဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းထက် နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊  မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ရသေ့တောင်မြို့ချောင်းဝရပ်ကွက်ရှိ ကမ်းနားလမ်းပတ်ဝန်းကျင်ရှိ ခြုံနွယ်များ၊ မြက်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊အမှိုက်သရိုက်များရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ကြပြီး မြို့နယ်စည်ပင်သာယာရေးပိုင် အမှိုက်သိမ်းကားဖြင့်သတ်မှတ်ထားသောအမှိုက်ပစ်နေရာများတွင် စနစ်တကျစွန့်ပစ်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)